တိုကျို၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဘုရင်မင်းမြတ် အကီဟီတိုသည် ကျန်းမာရေး ချို့ယွင်းလာခြင်းကြောင့် အနာဂတ်တွင် တိုင်းပြည် တာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်တော့မည် မဟုတ်သည့်အတွက် စိုးရိမ်မိကြောင်း သြဂုတ်လ ၈ ရက်က ပြည်သူသို့ ဗီဒီယို အမှာစကား မှတဆင့် ပြောကြားခဲ့သည်။
ဒါကာ၊ သြဂုတ် ၈ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အနောက်တောင်ဘက် ၁၇၈ကီလိုမီတာ အကွာ ဘာဂါဟက်ခရိုင် ရှိ နိုင်ငံ၏ ဒုတိယ အကြီးဆုံး မွန်ဂလာ ပင်လယ်ဆိပ်ကမ်း တွင် ထားရှိသည့် တွဲသင်္ဘောပျက်တစ်စီးအတွင်းမှ အဆိပ်ဓါတ်ငွေ့များ ရှူမိရာ တရုတ်နိုင်ငံသား တစ်ဦး နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး...
ဒါကာ ၊သြဂုတ် ၈ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှုခင်းတန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့(RAB) သည် နိုင်ငံတွင်း၌ငွေတုပြုလုပ်မှုဖြင့် နိုင်ငံခြားသား ၉ ဦး နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးတစ်ဦးအားဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ရှိ ဆေးရုံ တစ်ခု၌ သြဂုတ်လ ၈ ရက် နံနက်ပိုင်းက ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ဦး...
ဆန်ဖရန်စစ္စကို၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင် သြဂုတ်လ ၆ ရက် က လေထီးခုန်သမား နှစ်ဦးသည် နှစ်ယောက်တွဲလေထီးခုန်ခြင်း ပြုလုပ်ခဲ့ရာ မြေပြင်သို့ ရောက်ခါနီး၌ လေထီးမပွင့်ခဲ့၍ သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။
ကန်ဒဲလ် ၊ ကမ္ဘောဒီးယား ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရ ကူညီထောက်ပံ့ငွေဖြင့် ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း၌ ၂၈ လကြာအချိန်ယူ တည်ဆောက်ခဲ့သော Tonle Bassac မြစ်ကူးတံတားမှာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတံတားမှာ တရုတ်အစိုးရ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့သည့် ၇ စင်းမြောက် မြစ်ကူးတံတားဖြစ်ကြောင်းသိရသည်။
မက္ကဆီကို စီးတီး ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ၌ သြဂုတ် ၇ ရက်တွင် အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၃၈ ဦးသေဆုံးကြောင်း အာဏာပိုင်များက ပြောကြားသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အလေးမအားကစားသမား Long Qingquan သည် ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် အိုလံပစ်ပြိုင်ပွဲ၏ အမျိုးသား ၅၆ ကီလိုတန်း အလေးမပြိုင်ပွဲတွင် စုစုပေါင်း အလေးချိန် ၃ဝ၇ ကီလိုဂရမ်ဖြင့် ကမ္ဘာ့စံချိန်သစ်တစ်ရပ်ကို တင်နိုင်ခဲ့ရာ အိုလံပစ်ပြိုင်ပွဲတစ်လျှောက် ၎င်း၏ ဒုတိယမြောက်ရွှေတံဆိပ်တစ်ခုကို...
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ ကျော်၊ စာသင်ကျောင်း ၁၂ ကျောင်းနှင့် လယ်မြေဧက ၂၂၀၀ရေနစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၃) ၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ယမန်နေ့က ငွေကျပ် သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖော်ထုတ် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။