Connect with us

Africa & Middle East

အီရန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က အီရန်နျူကလီးယား သဘောတူညီချက်အား ပြန်လည်ဆွေးနွေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ကြေညာ

အီရန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၄ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က အီရန်နျူကလီးယား သဘောတူညီချက် အား ပြန်လည်ဆွေးနွေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း နှင့် အမေရိကန် အနေဖြင့် ဆက်လက်၍ သဘောတူညီချက်အား ချိုးဖောက်ခြင်း သို့မဟုတ် နုတ်ထွက်ခြင်း ပြုလုပ်ပါက အီရန် နိုင်ငံ က တုံ့ပြန်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေလ ၃ ရက်နေ့၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

Zarif က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အီရန်နျူကလီးယား သဘောတူညီချက် အပေါ် မကျေနပ်သည့် သဘောထားပေါ်မူတည်၍ ဥရောပ နိုင်ငံ အချို့ က အမေရိကန် ၏ လိုလားချက်ကို လိုက်လျောမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း ၊ ယင်းဥရောပ နိုင်ငံ များက သဘောတူညီမှု အသစ် တစ်ရပ် ပြုလုပ်ရန် အကြံပြုခဲ့ကြပြီး သဘောတူညီမှု အသစ်တွင် ပါဝင်မည့် အကြောင်းအရာ များမှာ လက်ရှိသဘောတူညီချက် ရရှိရန် ဆွေးနွေးမှု မပြုလုပ်မီ ကပင် ပယ်ချထားသည့် အကြောင်းအရာ များဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မိမိ တို့အနေဖြင့် အီရန် နိုင်ငံ ၏ လုံခြုံရေး အား သူတစ်ပါးအပေါ် အားကိုနေမည် မဟုတ်ဘဲ မိမိ တို့ လိုက်နာခဲ့ပြီး ဖြစ်သည့် သဘောတူညီချက်အား ပြန်လည်ဆွေးနွေးမှု နှင့် တိုးချဲ့မှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ကိုလည်း အီရန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က ပြောကြား ခဲ့သည်။

ယခုနှစ်ဆန်းပိုင်း တွင် ဒေါ်နယ်ထရမ့် က အမေရိကန် အနေဖြင့် အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့် ကို နောက်ဆုံးအကြိမ် တိုးမြှင့်ပေးခြင်း ဖြစ်ပြီး မေလ ၁၂ ရက်နေ့ကို အီရန် နျူကလီးယာ အရေး သဘောတူညီမှု စာချုပ်အား ပြင်ဆင်ရန် နောက်ဆုံး ရက်စွဲ အဖြစ် ကြေညာ ခဲ့သည်။ ထို့ပြင် ပြင်ဆင်လိုက်သည့် သဘောတူညီချက် စာချုပ် အချက်အလက်များကို ကျေနပ်မှု မရှိခဲ့ပါက အမေရိကန် နိုင်ငံ အနေဖြင့် သဘောတူညီမှု စာချုပ် မှ နုတ်ထွက်မည် ဖြစ်ကြောင်း ကြွေးကြော် ခဲ့သည်။

ဒေါ်နယ်ထရမ့် အနေဖြင့် အီးယူ နှင့် အမေရိကန် လွှတ်တော်အား အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် အား ပြင်ဆင်ရန် တောင်းဆိုခဲ့ပြီး အီရန် နိုင်ငံ ပဲ့ထိန်း ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု စသည် တို့ကို တိုးချဲ့ကန့်သတ်ရန် တောင်းဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.