ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ရောက်ရှိနေသော စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးသည် ယနေ့ နံနက်ပိုင်းတွင် ၎င်း၏ရန်ကုန်မြို့ ခရီးစဉ်အတွင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးနှင့် အတူ မူလ အတွင်းဝန်ရုံးကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း...
ချန်းချွန်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) လွန်ခဲ့သောလက မာလီ၌ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု၌ သေဆုံးခဲ့သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်သားဖြစ်သူ တရုတ်နိုင်ငံသား စိန်လျန်လျန်၏ ရုပ်အလောင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ချန်းချွမ်မြို့သို့ ဇွန်လ ၉ ရက် နေ့လည်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအား ဇွန်လ ၁၀ ရက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ အပြီးတွင် ရပ်နားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တို့က ပြောသည်။
နေပြည်တော်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မီးဘေး နှစ်ကြိမ် ကြုံခဲ့ပြီး ပိတ်ထားရသည့် မင်္ဂလာဈေးအား ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်မည်ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရန်ကုန် တိုင်းဒေကြီး အစိုးရအဖွဲ့ကိုယ်စား ယနေ့...
ဂျကာတာ၊ ဇွန် ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ခရီးသွားဧည့်သည် အပန်းဖြေကြသည့် ဘာလီကျွန်း၌ ဇွန်လ ၉ ရက်က ပြင်းအား ၆.၂ ရစ်ချ်တာ စကေးရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်းက ပြောသည်။
အိန္ဒိယ၊ ဇွန် ၉ ရက် (ဆင်ဟွာ) ပန်းနာ၊ ရင်ကျပ်နှင့် အခြား အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ ခံစားနေရသည့် အိန္ဒိယနိုင်ငံသား ၃၀၀,၀၀၀ ခန့်သည် ငါးအရှင်မျိုသည့် ကုထုံးအား ခံယူရန် အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ် Hyderabad မြို့ရှိ ရင်ပြင်သို့ ဇွန်လ...
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အွန်လိုင်းမှ လက်လီ ရောင်းချသော ကုမ္ပဏီ တစ်ခုဖြစ်သည့် JD.com သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောင်းစု ပြည်နယ်ရှိ ကျေးလက် ဒေသများသို့ ပစ္စည်းများ ပို့ဆောင်ရာတွင် မောင်းသူမဲ့ယာဉ် (ဒရုန်း) အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခတ်ကမ်းခြေ အလွန် ပင်လယ်ပြင်တွင် ဇွန်လ ၈ ရက်က ရေပေါ် ရှပ်ပြေးယာဉ် နှစ်စီး တိုက်မိခဲ့၍ ၂ ဦး သေဆုံးပြီး ကမ္ဘာလှည့် ခရီးသွား၂၆ ဦး ဒဏ်ရာ ရရှိကြောင်း Spring...
ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းနှင့် ဝန်းသိုမြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရူံးမှုများ ရှိနေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဗိုလ်တစ်ထောင်ဘုရား နှင့် ဗိုလ်အောင်ကျော် တံတား အကြားရှိ သိမ်ဖြူ သင်္ဘောကျင်း မိသားစု ဝန်ထမ်းရပ်ကွက် တည်ရှိသည့် ဧက ၂၀ အကျယ် မြေနေရာပေါ်တွင် ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီက BOT စနစ်ဖြင့် ဆိပ်ခံတံတားတစ်ခု...