Connect with us

Sport

မြန်မာနိုင်ငံ၏ ဒုတိယမြောက် AFC Instructor အဖြစ် ဦးတင်မြင့်အောင် တာဝန်ပေးအပ်ခံရ

ဦးတင်မြင့်အောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဒုတိယမြောက် AFC Instructor (အာရှဘောလုံးအဖွဲ့ချုပ်နည်းပြ) အဖြစ် ဦးတင်မြင့်အောင် တာဝန်ပေးခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

အာရှဘောလုံး အဖွဲ့ချုပ်သည် AFC နည်းပြသင်တန်း အသီးသီးအတွက် သင်တန်းဆရာများ ရွေးချယ်ခန့်အပ် တာဝန်ပေးလျက်ရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူးနှင့် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်အား ယခုနှစ်မှ စတင်ကာ AFC Instructor အဖြစ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း AFC မှတရားဝင်စာဖြင့် ပေးပို့အကြောင်းကြားလာခဲ့သည်။ ဦးတင်မြင့်အောင် အနေဖြင့် AFC မှဖွင့်လှစ်မည့် AFC (C) လိုင်စင် သင်တန်းများတွင် Instructor အဖြစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် AFC Instructor အဖြစ် မူလက ဦးဝင်းသူမိုး (လက်ရှိ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်) တစ်ဦးသာ ရှိပြီး ယခု ဦးတင်မြင့်အောင် ထပ်မံ တာဝန်ပေးခံရသဖြင့် စုစုပေါင်း AFC Instructor (၂)ဦးရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.