ဝါရှင်တန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဘိုင်ဒန်၏သား ဟန်တာဘိုင်ဒန်သည် ၂၀၁၈ ခုနှစ်က သေနတ်ဝယ်ယူစဉ်တွင် ၎င်း၏မူးယစ်ဆေးဝါးသုံးစွဲမှုကို ဖုံးကွယ်ထားခြင်း၊ မူးယစ်ဆေးစွဲသူအနေဖြင့် သေနတ်ကို တရားမဝင်လက်ဝယ်ထားရှိခြင်း ထိုစွဲချက်သုံးခုလုံး၌ အပြစ်ရှိသည်ဟု အမေရိကန်နိုင်ငံ ဒယ်လာဝဲလ်ပြည်နယ်ရှိ ဂျူရီလူကြီး ၁၂ ဦးအဖွဲ့က ဇွန် ၁၁ ရက်တွင်...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၃၁၃ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၄,၆၅၈,၆၄၁ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၂.၆.၂၀၂၄) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သော ကင်းလှည့်ရေယာဥ် ၆ စင်းကို ယနေ့ (ဇွန် ၁၁ ရက်) ရန်ကုန်မြို့၌ အောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ဧပြီလမှစသော၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉သန်း တင်ပို့ရန် မျှော်မှန်းထားကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ရိုဘီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ယခုနှစ်များအတွင်း တရုတ်-အာဖရိက လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုဖိုရမ် နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်စသည့် မူဘောင်များအောက်တွင် စဉ်ဆက်မပြတ် နက်ရှိုင်းလာခဲ့ပြီး အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ လယ်ကွင်းများမှ e-commerce စျေးကွက်အထိ တိုင်အောင်၊ တရုတ်က အာဖရိကနိုင်ငံများအား နည်းပညာအကူအညီ၊ စက်မှုကွင်းဆက်တည်ဆောက်မှုနှင့်...
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Nuseirat ဒုက္ခသည်စခန်းမှ ဖမ်းဆီးခံရသူများအား ကယ်ဆယ်ချိန်တွင် အစ္စရေးတပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများပို့ဆောင်သည့် ယာဉ်များကို အကာအကွယ်ယူ၍ အဆိုပါဒုက္ခသည်စခန်းကို ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်း နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ (IFRC) က ဇွန် ၁၀ ရက်တွင်...
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို အစ္စရေးစစ်တပ်က ဇွန် ၁၀ ရက်တွင် တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံး၍ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်စစ်တပ်နှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ယင်းနေ့တွင် အသီးသီးအတည်ပြုခဲ့သည်။
နယူးဒေလီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လာမည့်ငါးရက်အတွင်း အလွန်ပြင်းထန်သော အပူလှိုင်းဖြတ်သန်းနိုင်ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) က ဇွန် ၁၀ ရက်က ပြောကြားခဲ့သည်။ ဥတာပရာဒက်ရှ်ရှိ ဒေသများစွာ၊ မာဒရာပရာဒက်ရှ်၊ ဟာယာနာ၊ ဘီဟာနှင့် ဂူဂျာရတ် စသည့်ပြည်နယ်များရှိ ဒေသအချို့တွင်...
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်ဆန်းပိုင်းမှစ၍ ရထားလမ်းတည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်လာခဲ့ကြောင်း ရထားလုပ်ငန်းမှ ဇွန် ၁၁ ရက် အချက်အလက်များအရ သိရသည်။
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Christopher Luxon၊ ဩစတြေးလျနိုင်ငံဝန်ကြီးချုပ် Anthony Albanese နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim တို့၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဇွန် ၁၃ ရက်မှ...