ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) စက်မှု ဝန်ကြီးဌာန အနေဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ပြည်သူကို တိုက်ရိုက် အကျိုးပြု စေမည့် လုပ်ငန်းများ ဖြစ်သည့် ပြည်သူ့အကျိုးပြု စက်ရုံ အလုပ်ရုံများဖွင့်လှစ်ရေး၊ စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ...
ဒမတ်စကက်၊ မေ ၂၃ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းမြို့နှစ်မြို့၌ မေလ ၂၃ ရက်က ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၇၄ ဦး အထိ ရှိလာကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) ဖားကန့် မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာ ရာအိမ်မှူး အမျိုးသမီးအား သေနတ် ၆ ချက် ပစ်ခတ်သွားမှုအပေါ် အသေးစိတ် စုံစမ်း စစ်ဆေး နေကြောင်း ဖားကန့် ရဲစခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။
နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ) လက်ရှိအစိုးရသည် ပြည်သူက ခန့်အပ်လိုက်သည့် ပြည်သူ့အစိုးရ ဖြစ်သောကြောင့် အစိုးရ အနေဖြင့် ဝန်ကြီးဌာနများတွင် ပြောရေးဆိုခွင့် ရှိသူများ ထားရှိပြီး မိမိတို့ဆောင်ရွက်ထားမှုများကို ပြည်သူ့ထံ ပွင့်လင်း မြင်သာစွာ အစီရင်ခံဖို့လိုအပ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က...
နေပြည်တော် ၊ မေ ၂၃ ရက် (ဆင်ဟွာ) ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ် ချေးငွေ အတွက် ငွေကျပ် ဘီလီယံ ၅၀၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူရန် ယနေ့မေလ ၂၃ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခဲ့သည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) မြန်မာ-တရုတ်နယ်စပ်နှင့် အိန္ဒိယ နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ဧပြီလ တစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ ဖရဲသီးတန်ချိန် ၁၆ဝ,ဝဝဝ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) မြန်မာ-စင်ကာပူ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးကို ယခုထက်ပို၍ ထိထိရောက်ရောက် ဖြစ်စေရေး၊ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘားရက် အိုဘားမား က ဆယ်စုနှစ်များစွာ ဗီယက်နမ် အပေါ် ချမှတ်ထားသည့် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ ထားခြင်းအား ရုပ်သိမ်းကြောင်း မေလ ၂၃ ရက်က ကြေညာခဲ့သည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်၌ ညဈေးတန်းများ စနစ်တကျ ရောင်းချနိုင်ရန် ညဈေးတန်းတွင် ရောင်းချသော အစားအစာများ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိစေရန် ဈေးဆိုင်များ သပ်ရပ်မှု ရှိစေရန်နှင့် လိုအပ်သော လျှပ်စစ်မီး ၊ ရေ ၊ နေရာ စသည်တို့ စနစ်တကျ...
ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက အာဖဂန် တာလီဘန် ခေါင်းဆောင် မူလာ အက်ခ်တာ မိုဟာမက် မန်ဆာ သေဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာချက် တစ်စောင်၌ အတည်ပြု ပြောကြားလိုက်သည်။