Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ အရှေ့ပိုင်းရှိ ဘာသာရေးကျောင်း ပေါက်ကွဲမှုတွင် ကလေး တစ်ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန်နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

Khost ၊ အာဖဂန်နစ္စတန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost ပြည်နယ်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကလေးငယ် တစ်ဦး သေဆုံးပြီး အခြား ကလေးငယ် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က မတ် ၁၈ ရက်တွင် ပြောကြားလိုက်သည်။

“ပေါက်ကွဲမှုက မတ်လ ၁၇ ရက် ညပနေပိုင်းက Nadir Shah Kot ခရိုင် Spin Kaan နယ်မြေရှိ ဘာသာရေးကျောင်း တစ်ကျောင်းအနီးမှာ ဖြစ်ခဲ့တာပါ။ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး Khost ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Basir Bina က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယခု တိုက်ခိုက်မှုသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး၏ ရန်သူဖြစ်သော တာလီဘန်စစ်သွေးကြွများ၏ လက်ချက်ဖြစ်ကြောင်း ၎င်းက စွပ်စွဲထားသည်။၂၀၁၇ ခုနှစ်အတွင်း ပဋိပက္ခနှင့် ဆက်စပ်သည့် မတော်တဆမှုများ၌ သေဆုံးသူ အရပ်သား ၃၄၃၀ ဦးနှင့် ဒဏ်ရာရသူ ၇၀၀၀ ကျော်ရှိကြောင်း၊ ယင်းအနက် ကလေးငယ် ၈၅၀ ကျော်သေဆုံးကာ ၂၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးမှ ထုတ်ပြန်သည့် စာရင်းအင်းအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117