လားဆ၊ မတ် ၁၁ ရက် (ဆင်ဟွာ) China Railway Qinghai-Xizang Group ကုမ္ပဏီလီမိတက်သည် မကြာသေးမီက ကုန်ဆုံးခဲ့သော ၂၀၂၄ ခုနှစ် နွေဦးပွဲတော် ခရီးသွားကာလအတွင်း ခရီးသည်အရေအတွက် ၁.၉၅ သန်းကျော် ပို့ဆောင်နိုင်ခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၈၀.၃၇ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ယင်းကုမ္ပဏီက...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်ပြည်လုံးဆိုင်ရာ ဥပဒေပြုလွှတ်တော်ဖြစ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို မတ် ၁၁ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ပြုလုပ်သော အဆိုပါ အခမ်းအနားသို့ ရှီကျင့်ဖိန်နှင့်...
ဂါဇာ၊ မတ် ၁၁ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားကို အပြင်းအထန် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၆၃ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ၏ မတ် ၁၀ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။ အစ္စရေးစစ်တပ်သည် လွန်ခဲ့သည့် နာရီပိုင်းအတွင်း ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ နေရာအများအပြားကို...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသော အဆစ် အလီ ဇာဒါရီထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို မတ် ၁၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနှင့် ညီအစ်ကိုကောင်းများဖြစ်ကြကြောင်း၊...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၏ နှစ်ပတ်လည်အစည်းအဝေးကို မတ် ၁၀ ရက်တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ နိုင်ငံရေးအတိုင်ပင်ခံများအနေဖြင့် တရုတ်နိုင်ငံ ခေတ်မီအသွင်ကူးပြောင်းမှု အဆင့်မြှင့်တင်ရေးအတွက် စည်းလုံးညီညွတ်မှု မြင့်မားစေရန်နှင့် ခွန်အားများ စုပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂၁၇၈ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၃,၇၉၂,၆၀၀ကျပ် (YGEA) ၁၆ ပဲရည်= ၄,၀၃၅,၀၀၀ကျပ်ဝန်းကျင် (ပြင်ပဈေးကွက်အရောင်းအဖွင့်ဈေး) Currency Exchange:အမေရိကန် ၁ ဒေါ်လာ= ၃,၆၃၀ ဝန်းကျင်(ပြင်ပဈေးကွက်အရောင်းအဖွင့်ဈေး) ဖော်ပြပါ အချက်အလက်များသည် (၁၁.၃.၂၀၂၄) အတွက် Xinhua သတင်းဌာနက အဖွင့်ဈေးနှုန်းများကို...
ရန်ကုန်၊မတ် ၁၁ ရက် (ဆင်ဟွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ယနေ့ မတ် ၁၁ ရက် မှစတင်ကာ မတ် ၁၉ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။ (Xinhua)
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးဆိုင်ရာ ပြပွဲ(Yangon Pet Expo and Myanmar Grand Dog Show 2024)အား မတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိဗ်၊ မတ် ၉ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံအား ယူရို ၄.၅ ဘီလီယံနှင့် ယူရို ၁.၅ ဘီလီယံ အသီးသီးကို မတ်လနှင့် ဧပြီလတွင် ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ဥရောပကော်မရှင် အမှုဆောင်ဒုဥက္ကဋ္ဌ Valdis Dombrovskis က ယူကရိန်းမြို့တော် ကိဗ်မြို့ တွင်...
ဂျကာတာ၊ မတ် ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး အခြားသူ ၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသန္တရ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ အဆင့်မြင့်အရာရှိတစ်ဦးက မတ် ၈ ရက်၌ ပြောကြားခဲ့သည်။ အနောက်ဆူမတြားပြည်နယ်ရှိ နယ်မြေနှင့်...