ဆိုးလ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို၏ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကြောင့် တောင်ကိုရီးယား သမ္မတရုံး အမှုဆောင် အတွင်းရေးမှူးနှင့် အထက် အဆင့်မြင့် အရာရှိများ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းတွင် အဖွဲ့လိုက် နုတ်ထွက်စာ တင်ခဲ့ကြသည်။ တောင်ကိုရီးယား...
ယူနန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ ဆန်းချင်းအဝေးပြေးလမ်းမ၊ ရွှမ်းဖူအဝေးပြေးလမ်းမ၊ ချုံချင့်-ခွင်မင်မြန်မှုန်းမြင့်ရထားလမ်း (ယူနန်ဘက်အပိုင်း) စသည့် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ စီမံကိန်း ဆောက်လုပ်မှုများကို အရှိန်အဟုန် တိုးမြှင့်လျက်ရှိသည်။ သက်ဆိုင်ရာစီမံကိန်းများ ဆောက်လုပ်ပြီးစီးပြီးနောက် ယူနန်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးအခြေအနေများ အားကောင်းစွာ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ (Xinhua) ………………………...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၆၄၅ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၅,၃၇၆,၄၈၀ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၄.၁၂.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ဆိုးလ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုက ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင် ကြေညာခဲ့သော အရေးပေါ် စစ်အုပ်ချုပ်ရေးဥပဒေကို မထောက်ခံကြောင်း လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက် အစောပိုင်း၌ ယင်းဥပဒေအား အစိုးရအဖွဲ့အစည်းအဝေးတွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။...
နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။...
ဆိုးလ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုသည် နိုင်ငံအား အရေးပေါ် စစ်အုပ်ချုပ်ရေးအဖြစ် ဒီဇင်ဘာ ၃ ရက်တွင် ရုပ်မြင်သံကြား မိန့်ခွန်းမှတစ်ဆင့် ကြေညာလိုက်ကြောင်း သိရသည်။ (Xinhua) …………………………. (English Version) S. Korean president declares...
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၂ ရက်တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ (ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ...
ဝါရှင်တန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ဒီဇင်ဘာ ၁ ရက်တွင် ၎င်း၏ ယခင်သဘောထားကို ပြောင်းလဲခဲ့ပြီး သားဖြစ်သူ ဟန်တာဘိုင်ဒန်အား လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခဲ့ရာ ကြီးမားသောအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်သမိုင်းတွင် အငြင်းပွားဖွယ်ဖြစ်ခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁၉၇၄...
တရုတ်နိုင်ငံအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုအပေါ် လတ်တလော ထိန်းချုပ်ကန့်သတ်မှု အစီအမံများ၊ တရုတ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံအား အလေးအနက် ကန့်ကွက်မှုများ ပြုလုပ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zi7 ……………………………………………………. (English...
တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ကျယ်ပြန့်နက်ရှိုင်းစွာ လုပ်ဆောင်လျက်ရှိပြီး ပိုမိုကျယ်ပြန့်စွာ ဆက်လက်တံခါးဖွင့်ထားကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဖော်ဆောင်၍ ကမ္ဘာ့ငြိမ်းချမ်းရေးအား အထောက်အကူပြုလျက်ရှိသောကြောင့် မုချ အလားအလာကောင်းမွန်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်က ဒီဇင်ဘာ ၂ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZhB...