ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး စတုတ္ထမျိုးဆက် နျူကလီးယားစွမ်းအင်စက်ရုံဖြစ်သော Shidaowan အပူချိန်မြင့်ဓာတ်ငွေ့အအေးပေးစနစ် ဓာတ်ပေါင်းဖို (HTGR) နျူကလီးယားစွမ်းအင်စက်ရုံသည် စီးပွားဖြစ်လည်ပတ်မှု တရားဝင်စတင်ပြီဖြစ်ကြောင်း အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် China Huaneng Group တို့က ဒီဇင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့မှ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံစိုက်ပျိုးရေးတက္ကသိုလ်တွင် တရုတ်-မြန်မာ လယ်ယာစက်မှုလက်မှုနည်းပညာနှင့် အပလီကေးရှင်းများ မျှဝေခြင်း၊ နည်းပညာဖလှယ်ခြင်းများ ဆွေးနွေး ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်၊ မြန်မာနိုင်ငံစိုက်ပျိုးရေးဌာနတို့မှ တာဝန်ရသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများနှင့်...
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့အကြား သဘောတူညီထားသည့်အတိုင်း ၂၄ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်တွင် ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။...
ဂျကာတာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ မီရာပီ မီးတောင် ပေါက်ကွဲပြီးနောက် အနည်းဆုံး တောင်တက်သမား ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် ပြောသည်။ အခြားလူ ၃ ဦးမှာ အသက်ရှင်ခဲ့ကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသည့် 2023 Imperial Springs International Forum သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ဒီဇင်ဘာ ၄ရက်တွင် ပေးပို့ခဲ့သည်။ (Xinhua) ……………………………… (English...
လန်ကျိုး၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ဟွမ်ရှန့်ခရိုင်တွင် ရေနံတန်ချိန် သန်း ၁၀၀ ကျော်ရှိ၍ ကြီးမားပြီး ကောင်းမွန်စွာထိန်းသိမ်းထားသော ရေနံလုပ်ကွက်တစ်ခုကို PetroChina ၏ လုပ်ငန်းခွဲ Changqing Oilfield က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကိဗ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ လေကြောင်းရန်များကို ကြားဖြတ်နိုင်စွမ်းရှိသော လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် အစီအစဉ်များချမှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဒီဇင်ဘာ ၁ ရက်၌ သတင်းဖော်ပြထားကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ တက်ကြွမှု၊ ပွင့်လင်းမှုနှင့် ဆန်းသစ်မှုအရှိဆုံးမြို့အစုအဝေးအနက် တစ်ခုဖြစ်သော ယန်ဇီမြစ်ဝှမ်းဒေသသည် အဓိကအကျိုးကျေးဇူးများ ရရှိခံစားလျက်ရှိသလို စုပေါင်းဖွံ့ဖြိုးတိုးတက်မှုမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ ဦးဆောင်လမ်းပြအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ကြောင်း၊ ယင်းဒေသကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ မဟာဗျူဟာအဖြစ် လွန်ခဲ့သောငါးနှစ်အကြာက အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဟားမက်စ်က ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးဓားစာခံ နောက်ထပ် ၆ ဦးကို နိုဝင်ဘာ ၃၀ ရက်က လွှတ်ပေးခဲ့ကြောင်း၊ ယင်းနေ့အစောပိုင်းကလည်း အမျိုးသမီး ဓားစာခံနှစ်ဦး လွှတ်ပေးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။
ဗီယင်နာ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ရေနံ အဓိက ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများ အဖွဲ့အစည်းဖြစ်သည့် (OPEC) ၏ အတွင်းရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။ အထက်ပါ ထုတ်ပြန်ကြေညာချက်တွင် OPEC အဖွဲ့ဝင် နိုင်ငံများနှင့် OPEC...