မော်စကို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားလက်နက်ကိုင်တပ်ဖွဲ့သည် လူမဲ့စနစ်တပ်ဖွဲ့အား တရားဝင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ရုရှားနိုင်ငံ Komsomolskaya Pravda သတင်းစာ၏ လတ်တလောသတင်းဖော်ပြချက်အရ သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန် ဆီးနိတ်လွှတ်တော်က အတည်ပြုထားသော အသုံးစရိတ် ဥပဒေမူကြမ်းအား အောက်လွှတ်တော်က နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် အတည်ပြုခဲ့သည့်အတွက် အမေရိကန်သမိုင်းတွင် အချိန်အကြာဆုံး အစိုးရယန္တရားရပ်ဆိုင်းမှု ဖြစ်ပေါ်စေခဲ့သည့် ကွန်ဂရက်လွှတ်တော်တွင်း လိပ်ခဲတည်းလည်းအခြေအနေကို အဆုံးသတ်စေခဲ့သည်။
ကူဝိတ်စီးတီး၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကူဝိတ်နိုင်ငံ မြို့တော်ကူဝိတ်စီးတီး၏ အနောက်တောင်ဘက် ၂၅ ကီလိုမီတာအကွာရှိ ကျယ်ပြောသော သဲကန္တာရအတွင်း၌ ၆၄ စတုရန်းကီလိုမီတာရှိသည့် ခေတ်မီမြို့ပြသစ် ကူဝိတ် South Saad Al-Abdullah မြို့ (အောက်ဖော်ပြပါသတင်းတွင် မြို့သစ် ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) သည်...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ ၏ မိဖုရား လဲတီဇီးယားနှင့်အတူ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု...
အဆန်စီယွန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ပါရာဂွေးအသင်းက ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ် အသင်းအနေဖြင့် ရည်မှန်းချက်မြင့်မြင့်မားမား ချမှတ်ထားကြောင်း ကွင်းလယ်ကစားသမား မာသီးယပ်စ်ဂါလာဇာက ပြောကြားခဲ့သည်။
အားအယ်ဆန်း (အတွင်းမွန်ဂိုလီးယား)၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝေဟင်ကျွမ်းကျင်မှု အလွတ်တန်း နှင်းလျှောစီးခြင်း (Freestyle skiing aerials) အမျိုးသား စုစည်းလေ့ကျင့်ရေးအဖွဲ့သည် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ အားအယ်ဆန်းမြို့၌ အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဆောင်းရာသီ သီးသန့်လေ့ကျင့်မှု...
မက်ဒရစ်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာစီလိုနာအသင်း တောင်ပံကစားသမား လာမင်း ယမားလ်မှာ ပေါင်ခြံဒဏ်ရာအတွက် ကုသမှုခံယူခဲ့ပြီးနောက် စပိန်အသင်း၏ လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို လွဲချော်မည့်သတင်းကြောင့် အံ့ဩတုန်လှုပ်ခဲ့ရကြောင်း စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးက ဖွင့်ဟပြောဆိုခဲ့သည်။
နန်ကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရဲတပ်ဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု ကျူးလွန်သူ ရှဲကျစ်ကျန်းအား တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ် မြို့တော်နန်ကျင်းသို့ လွှဲပြောင်းခေါ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သတင်းအရ သိရသည်။
– ရှီကျင့်ဖိန်နှင့် ကိုမိုရိုနိုင်ငံ သမ္မတ Azali Assoumani တို့ တရုတ်-ကိုမိုရို သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့ – ဖုန်လိယွမ်နှင့် စပိန်နိုင်ငံ မိဖုရား လဲတီဇီးယားတို့ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာအား သွားရောက်လေ့လာကြည့်ရှု –...
လန်ဒန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဝုဗ်အသင်းသည် ရော့ဘ် အက်ဒ်ဝါ့ဒ်စ်အား အသင်း၏ နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း တရားဝင်အတည်ပြုခဲ့သည်။”ရော့ဘ် အက်ဒ်ဝါ့ဒ်စ်က သုံးနှစ်ခွဲစာချုပ်နဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ ဝုဗ်အသင်းရဲ့ နည်းပြချုပ်သစ်ဖြစ်ပါတယ်” ဟု ပရီးမီးယားလိဂ်ကလပ်အသင်းက နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာချက်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။