မော်စကို၊ မေ ၁၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံတွင် ၇၈ နှစ်ပြည့် မဟာမျိုးချစ်စစ်အောင်ပွဲနေ့(V-day)အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို မေ ၉ ရက်က မော်စကိုမြို့ ရင်ပြင်နီတွင် ကျင်းပခဲ့သည်။ စစ်ရေးပြအခမ်းအနားတွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoiguနှင့် ရုရှား ကြည်းတပ် စစ်ဦးစီးချုပ်Oleg Salyukov တို့က မော်တော်ယာဉ်ဖြင့်...
ဂျေရုဆလမ်၊ ဂါဇာ၊ မေ ၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသရှိ Palestinian Islamic Jihad (PIJ) လှုပ်ရှားမှု၏ စစ်ရေးပစ်မှတ်များကို အစ္စရေးတိုက်လေယာဉ်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံးလူ ၁၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၀ ကျော်ထိခိုက်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။...
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံမှ ဆန်စပါးကို ၄၇,၈၈၈ တန်ချိန် တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်၊ ကာလတူတွင် ၁၄၄,၀၃၄.၈၆၆ တန်တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။ ဧပြီလတွင် ဆန်ကွဲတန်ချိန် ၃၉,၇၆၀ တန်...
နာဂွန် ၊ မေ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် နာဂွန်ခရိုင်တွင် လယ်ယာရိတ်သိမ်းကာလအတွင်း လယ်သမားများက တစ္ဆေငရုတ် သို့မဟုတ် ရွှေလံဗိုလ်ငရုတ်သီးများ ဆွတ်ခူးပြီး အလုပ်များလျက်ရှိသည်။ ယင်းဒေသတွင် ထိုငရုတ်သီးမျိုးကို “bhut jolokia”ဟု ခေါ်ဝေါ်ကြသည်။ တစ္ဆေငရုတ် သို့မဟုတ် ရွှေလံဗိုလ်ငရုတ်သီးသည် ပူစပ်သည့်အရသာ...
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အခြေစိုက် ကနေဒါ ကောင်စစ်ဝန်ချုပ်ရုံးမှ သံတမန်အရာရှိတစ်ဦးအား “မကြိုဆိုထိုက်သူ” အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၉ ရက်တွင် ကြေညာခဲ့သည်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ သံတမန်တစ်ဦးအား “မကြိုဆိုထိုက်သူ”...
ဝယ်လင်တန်၊ မေ ၉ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တွင် ရေကြီးရေလျှံမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားပြီးနောက် မေ ၉ ရက်၌ ဒေသန္တရ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရသည်။ နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့သည် ယခုနှစ် ဆိုးဝါးသောရာသီဥတုအခြေအနေကြောင့် တတိယအကြိမ်မြောက် အရေးပေါ်အခြေအနေကြေညာထားခဲ့သဖြင့် မြို့အတွင်း ယာဉ်သွားလာမှုမှာ...
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဖိတ်ကြားချက်အရ ဗြိတိန် ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေးအကြံပေး Tim Barrow နှင့် မေ ၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့...
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ ဂျက်ဒါး၌ ပြုလုပ်သော ဆူဒန် ပဋိပက္ခတွင် ပါဝင်သည့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုက ကြီးမားသော တိုးတက်မှု မရှိဟု ဆော်ဒီအာရေဗျ သံတမန်အရာရှိတစ်ဦးက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းမှာ ဆူဒန်အနေဖြင့် ကာလတိုအတွင်း အပစ်အခတ်ရပ်စဲမှုကို...
ချန်ရှား၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ်တွင်ပြုလုပ်သည့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) စီးပွားရေးနှင့် ကုန်စည်ပြပွဲ အတွင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ယွမ် ၇၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၈၄ ဘီလီယံခန့်) ရှိသည့် စုစုပေါင်း စီမံကိန်း ၁၁၃...
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးကို ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ မေ ၁၈ ရက်နှင့် ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က မေ ၈...