ကိုင်ရို၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူဖောက်လုပ်ခဲ့သည့် အီဂျစ်နိုင်ငံ၏ ပထမဆုံးလျှပ်စစ်ရထားလမ်းဖြစ်သည့် 10th of Ramadan City အပေါ့စားရထားလမ်းကို ဇူလိုက် ၃ ရက်တွင် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် ယခုနှစ်ပထမငါးလအတွင်း လုပ်ငန်းလည်ပတ်သည့်ဝင်ငွေမှာ တိုးလာခဲ့ကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။
ပုဂံ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချူအင်လိုင်းတန်ဆောင်း ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားအား ဇူလိုင် ၃ ရက်တွင် ပုဂံမြို့၌ ပူးတွဲကျင်းပခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၇)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်...
ပုဂံ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းနှင့် ဇူလိုင် ၃ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ တွေ့ဆုံကာ မြန်မာအရေးနှင့် ပတ်သက်၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။
နိုင်ရိုဘီ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံရှိ မိခင် ၊ မွေးကင်းစကလေး နှင့် ကလေးသူငယ်ကျန်းမာရေးအား မြှင့်တင်ရန် တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့သည့် စီမံကိန်း အောင်မြင်စွာပြီးစီးခြင်း အထိမ်းအမှတ်အနေဖြင့် ကင်ညာနိုင်ငံရှိ တရုတ်သံရုံး နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) တို့က ဇွန် ၃၀ ရက်တွင်...
ပုဂံ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၃ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပပြုလုပ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၇)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟာရာရီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) သယံဇာတပေါကြွယ်ဝသော တောင်အာဖရိက နိုင်ငံတစ်ခုဖြစ်သော ဇင်ဘာဘွေနိုင်ငံသည် များပြားလှသော ဓာတ်သတ္တုကြွယ်ဝမှုမှ ပိုမိုအမြတ်အစွန်းများ ရရှိစေရန်အလို့ငှါ ဓာတ်သတ္တုထုတ်လုပ်မှုအား တိုးမြှင့်ကာ အကျိုးကျေးဇူးများ ပိုမိုရရှိစေရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် သတ္တုတွင်းကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ စုပြုံဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း သိရသည်။
တီဟီရန်၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ တောင်ပိုင်း ဟော်မိုစဂန်ပြည်နယ်(Hormozgan) တွင် ဇူလိုင် ၂ ရက် နံနက်ပိုင်းက ပြင်းအား အဆင့် ၆ နှင့်အထက်ရှိ ငလျင် သုံးကြိမ်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ လူပေါင်း ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မကြာသေးမီက ဟောင်ကောင်ခရီးစဉ်သည် ဂရုစိုက်မှု ၊ ယုံကြည်မှု နှင့် မျှော်လင့်ချက် သတင်းစကားအား သယ်ဆောင်ခဲ့ကာ အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း “တစ်နိုင်ငံစနစ်နှစ်မျိုး”လက်တွေ့ကျင့်သုံးမှုကို အားကောင်းသောမြှင့်တင်မှုပေးလိမ့်မည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင် နှင့် မကာအိုရေးရာရုံးက ရေးသားဖော်ပြခဲ့သည်။
ဝူးလူမုချီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အဝေးပြေး လမ်းမသစ် လေးလမ်းအား ဇွန် ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်းရှိ အမြန်လမ်းများ၏ စုစုပေါင်းအရှည်သည် ကီလိုမီတာ ၁၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ဒေသတွင်း သယ်ယူပို့ဆောင်ရေးဌာနထံမှ သိရသည်။