ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) သိပ္ပံပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအုပ်စုက ပူးတွဲချီးမြှင့်သော ပထမဆုံး အစိုးရမဟုတ်သော တရုတ်သိပ္ပံပညာဆုဖြစ်သည့် ၂၀၂၂ ခုနှစ် အနာဂတ် သိပ္ပံပညာဆုကို Li Wenhui, Yang Xueming နှင့် Ngaiming Mok စသည့် သိပ္ပံပညာရှင် ၃ ဦးအား...
၂၀၂၂ခုနှစ် ဩဂုတ် ၂၀ရက်သည် ရှန်ဟိုင်းမြို့ရှိ တရုတ် (ရှန်ဟိုင်း) လျင်ကန်ဧရိယာသစ် ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်ရေးဇုန် စတင်ဆောင်ရွက်ခြင်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း လျင်ကန်ဧရိယာသစ်၏ပြောင်းလဲမှုများအား ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများဖြင့် မှတ်တမ်းတင်ထားသည်။ (Xinhua) xhtxs.cn/yUL ————————— Aug....
ရန်ကုန် ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) သံဃာ အပါး ၆၀၀ တို့အား ဝါဆိုသင်္ကန်း နှင့် ပစ္စည်းလေးပါး လှူဒါန်းပွဲအား ဩဂုတ် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ် မဟာဝိဟာရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟူးဟောက်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
နိုင်ရိုဘီ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်ခုတွင် သြဂုတ် ၁၉ ရက် ညပိုင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦးသေဆုံးကာ ၁၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာကျန်းမာရေးဌာနက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ချင်းသောင်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအတွက် အထူးထုတ်လုပ်ထားသော မြန်နှုန်းမြင့် ခရီးသည်တင် လျှပ်စစ်ရထားနှင့် စစ်ဆေးစမ်းသပ်ရေးရထားသည် ဩဂုတ် ၂၁ ရက် က တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း သိရသည်။
ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများအတွက် အမေရိကန်နိုင်ငံကို အပြစ်တင်ရမည် ဖြစ်သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက် အစိတ်အပိုင်း ဖြစ်သည်။ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပြီး နိုင်ငံများအကြား အငြင်းပွားမှုရှိသော နယ်မြေပိုင်နက် ပိုင်းခြားမှုတွင် မပါဝင်ပေ ။ (Xinhua) xhtxs.cn/yTg —————————— #XinhuaCommentary: Washington is...
Long March-2D ဒုံးပျံတစ်စင်းက အာကာသအတွင်းသို့ ဂြိုဟ်တုအစုအဝေးတစ်စုအား ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် လွှတ်တင်ခဲ့သည်။ ၎င်းမှာ တရုတ်သယ်ဆောင်ရေးဒုံးပျံစီးရီးများ၏ ၁၀၃ ကြိမ်မြောက် ဆက်တိုက် အောင်မြင်စွာ လွှတ်တင်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ySe —————————– A Long March-2D rocket...
AGARTALA ၊ အိန္ဒိယ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) ကြံသည် အိန္ဒိယနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသော သီးနှံတစ်မျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Tripura ပြည်နယ်၏ မြို့တော် Agartala ရှိ ဆင်ခြေဖုံးဒေသများတွင် လယ်ကွင်းထဲ၌ ကြံစိုက်ခင်းများ ရိတ်သိမ်းခြင်းဖြင့် ဒေသခံအလုပ်သမားများ အလုပ်များပြားနေကြသည်။ (Xinhua)...
ဒမတ်စကက်စ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်စစ်တပ်သည် ဩဂုတ် ၂၁ ရက်က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခိုးယူတူးဖော်ထားသည့် ရေနံများအား အီရတ်နိုင်ငံအတွင်းသို့ ထပ်မံ ရွှေ့ပြောင်း သယ်ဆောင်လျက်ရှိကြောင်း ဆီးရီးယားသတင်းအေဂျင်စီက ယင်းနေ့တွင် ဖော်ပြခဲ့သည်။ယင်းနေ့တွင် အမေရိကန်တပ်များက ဆီတင်ကား ၁၃၇ စီးရှိသော ယာဉ်အုပ်စုဖြင့် ဆီးရီးယားတွင်...