ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာနိုင်ငံက ပထမဆုံးရွှေတံဆိပ်ဆုကို KURASH အားကစားနည်းဖြင့် စတင်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ မြန်မာနိုင်ငံမှ အေးအေးအောင်သည် ၈၇ ကီလိုတန်းအထက် KURASH အားကစားနည်းပြိုင်ပွဲတွင်...
ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ) သွားလာရခက်ခဲမှုကြောင့် ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် (၂)သည် ဒေသစံတော်ချိန် မေ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ဗြိတိန်လွှတ်တော် နှစ်သစ်ဖွင့်ပွဲအခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ သူမ၏ နှစ်ပေါင်း ၆၀ နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အစဉ်အလာအခမ်းအနားသို့...
ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ) ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော အမေရိကန် “USS Port Royal” ခရုဇာစစ်ရေယာဉ်သည် ထိုင်ဝမ်ရေလက်ကြားအား ဖြတ်သန်းမောင်းနှင်ကာ ပြောင်ပြောင်တင်းတင်ပုံကြီးချဲ့ခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ကြည်းတပ် ဗိုလ်မှူးကြီး စီရိက ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ မေ ၁၁ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂသည် ယခုနှစ်အတွင်း ဆီးရီးယားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၁.၅ ဘီလီယံအထိ တိုးမြင့်ထောက်ပံ့မည်ဟု ကတိပြုကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင်ကိုယ်စားလှယ် Josep Borrell က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ မေ ၁၁ ရက်(ဆင်ဟွာ) ယူကရိန်းအစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားပိုင်ဆိုင်မှုများအား သိမ်းယူရေးကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးချုပ် Denys Shmyhal က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဟာဗားနား ၊ မေ ၁၁ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်က ကျူးဘားနိုင်ငံဟာဗားနားမြို့လယ်ရှိ သမိုင်းဝင် ဟိုတယ်တစ်လုံး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း မေ ၁၀ ရက်က အပျက်အစီးပုံများအကြား နောက်ထပ် ရုပ်အလောင်း ၂ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူ အရေအတွက်သည် ၄၂ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တရားဝင်သတင်းအရင်းအမြစ်များအရ...
ဆိုးလ် ၊ မေ ၁၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံဒုတိယသမ္မတ ဝမ်ချီစန်းသည် တောင်ကိုရီးယားသမ္မတသစ် ယွန်းဆက်ယို နှင့် မေ ၁၀ ရက်တွင်တွေ့ဆုံကာ ရှေ့ဆက်နှစ်နိုင်ငံဆက်ဆံရေး နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီခဲ့ကြကြောင်း သိရသည်။ မေ ၁၀ ရက်နံနက်အစောပိုင်းတွင် ကျင်းပပြုလုပ်သည့်...
ပေကျင်း ၊ မေ ၁၁ ရက်(ဆင်ဟွာ) ဟောင်ကောင်ဒေသ၌ အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအပေါ် G7 နိုင်ငံခြားရေးဝန်ကြီးများ နှင့် ဥရောပသမဂ္ဂ တာဝန်ရှိသူတစ်ဦးက အလွန်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ချက်ချင်းရပ်တံ့ရန် အနောက်နိုင်ငံတစ်ချို့အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ ၁၀ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။...
ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟန်ဂေရီနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည့် Katalin Novak ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို မေ ၁၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။ တရုတ်-ဟန်ဂေရီဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် မကြာသေးမီနှစ်များ တွင် မြင့်မားသောအဆင့်ကို ထိန်းထားလျက်ရှိကြောင်း၊...
မော်စကို၊ မေ ၁၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) တွင် မကြာမီကျင်းပမည့် ယူကရိန်းနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးအား ရုရှားနိုင်ငံက ဘက်လိုက်မှုရှိသော အစည်းအဝေးဟု ဆိုလျက် ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက မေ ၁၀ ရက်တွင် ပြောခဲ့သည်။ “ကံမကောင်းစွာနဲ့ပဲ အထူးစစ်ဆင်ရေးရဲ့ မှန်ကန်တဲ့ရည်မှန်းချက်တွေ၊...