Connect with us

Culture

တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ယာဉ်ကျေးမှု စင်တာ အပြန်အလှန် ထူထောင်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုး

တရုတ် နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ လှော်ရှူးကမ်း နှင့် မြန်မာ နိုင်ငံ မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့က ယာဉ်ကျေးမှု စင်တာ အပြန်အလှန် ထူထောင်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အကြား ယဉ်ကျေးမှု စင်တာ အပြန်အလှန် ထူထောင်ရေး ဆိုင်ရာ သဘောတူ စာချုပ် တစ်ရပ်ကို တရုတ် နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၄ ရက်တွင် လက်မှတ် ရေးထိုး ခဲ့ပါသည်။

ယင်း သဘောတူစာချုပ်ကို တရုတ် နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ လှော်ရှူးကမ်း နှင့် မြန်မာ နိုင်ငံ မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့က လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ မြန်မာ-တရုတ် ယဉ်ကျေးမှု စင်တာ ထူထောင်ရေး ကိစ္စများ၊ ရှေးဟောင်း သုတေသန ဆိုင်ရာ ကိစ္စများ ပူးပေါင်း ဆောင်ရွက်ရေး တို့ကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ တို့သည် ပြီးခဲ့သည့် သြဂုတ်လပိုင်း တွင် မြန်မာနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးထားမှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)