Culture
အမျိုးသား ကဇာတ်ရုံ အကြီးစား အဆင့် မြှင့်တင်မှုအား တရုတ်နိုင်ငံမှ ပညာရှင်များနှင့် ဆောင်ရွက်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာန အောက်ရှိ အမျိုးသား ကဇာတ်ရုံ (ရန်ကုန်) ၌ မီးစနစ်၊ အသံစနစ်၊ ဆက်တင်စနစ် နှင့် လေအေးပေး စက်များကို တရုတ်နိုင်ငံ ပညာရှင်များနှင့် အကြီးစား အဆင့် မြှင့်တင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
အဆိုပါ ပြင်ဆင်မှုများ အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အမေရိကန် ဒေါ်လာ သုံးသိန်းကျော် တန်ဖိုးရှိ အလျား ၈.၈၂၃ မီတာ၊ အနံ ၅.၁၈၄ မီတာ အရွယ်ရှိ LED ဘုတ်အကြီး တစ်ချပ်၊ အလျား ၅.၁၈ မီတာ၊ အနံ ၃ ဒသမ ဝ၇၂ မီတာအရွယ်ရှိ LED ဘုတ်နှစ်ချပ် နှင့် ဆက်စပ် ပစ္စည်းများ ပံ့ပိုး ကူညီ တပ်ဆင်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
အမျုးိသား ကဇာတ်ရုံ (ရန်ကုန်) အကြီးစား ပြင်ဆင်မှု အတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ပညာရှင် များသည် အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး အကြီးစား ပြင်ဆင်ချိန်ကို ၁ဝ ရက်မှ နှစ်ပတ်ကြာ သတ်မှတ်ခဲ့ သောကြောင့် အမျိုးသား ကဇာတ်ရုံကို နိုဝင်ဘာလ တစ်လလုံး အသုံးမပြုဘဲ ရပ်နားထားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် မန္တလေး မြို့ရှိ အမျိုးသား ကဇာတ်ရုံ (မန္တလေး) ကိုလည်း Stage Equipment , Air Con Cooling Tower Water Cool Chiller နှင့် Stage Lighting များ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)