Connect with us

Culture

အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ ၊ ကျောက်စိမ်းနှင့် သစ်သားပန်းပု လက်မှုပညာပြပွဲသို့ မြန်မာနိုင်ငံအား ပါဝင်ရန် ဖိတ်ခေါ်ထား

မြန်မာ့လက်မှုပညာ ပန်းပုလက်ရာများကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရ ဒေသ၌ ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ ၊ ကျောက်စိမ်းနှင့် သစ်သားပန်းပု လက်မှုပညာပြပွဲ (International Jewellery, Jade and Woodcraft Exhibition 2016) ကို မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်း အဖွဲ့များ ပါဝင် တက်ရောက်ပြသနိုင်ရန် ဖိတ်ကြားထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းရရှိသည်။

ထိုပြပွဲသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များပါ လာရောက်ကြမည် ဖြစ်ရာ မြန်မာနိုင်ငံမှ လာရောက်ပြသ တက်ရောက်သူများသည် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ရရှိခြင်း၊ ကျောက်မျက်ရတနာနှင့် ပန်းပု၊ ပရိဘောဂဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း၊ မြန်မာ့လက်မှု ကျောက်မျက်ရတနာ ဒီဇိုင်းများ နှင့် ပြည်ပမှ ခေတ်မီလှပသော ကျောက်မျက်ရတနာ လက်ရာ ဒီဇိုင်းများ တစ်ပြိုင်နက်တည်း ၊ တစ်နေရာတည်းတွင် လေ့လာနိုင်ခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်လာနိုင်ခြင်းနှင့် ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေး အခွင့်အလမ်းကောင်းများ ရရှိလာနိုင်ကြောင်း သိရသည်။

International Jewellery, Jade and Woodcraft Exhibition 2016 ကို ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ မှ မေလ (၂) ရက်နေ့ အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရ ဒေသ ၊ Macau Fisherman’s World Convention and Exhibition Center ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.