Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ကုမ္ပဏီ မှတ်ပုံတင်ကြေး ထက်ဝက် လျှော့ချမည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် - Xinhua News Agency
Connect with us

Economy

ကုမ္ပဏီ မှတ်ပုံတင်ကြေး ထက်ဝက် လျှော့ချမည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်

စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အသေးစား ၊ အလတ်စား လုပ်ငန်းရှင်များ ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ကုမ္ပဏီ ထူထောင်၍ လုပ်ဆောင်လိုသည့် လုပ်ငန်းများ လွယ်ကူစွာ ကုမ္ပဏီ မှတ်ပုံတင် နိုင်ရန် ကုမ္ပဏီ မှတ်ပုံတင်ကြေးအား ထက်ဝက် လျှော့ချသွားရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ရက် ၁၀၀ စီမံချက် အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ မှတ်ပုံတင်ကြေးအား ငွေကျပ် ၁၀ သိန်း သတ်မှတ် ကောက်ခံခဲ့သော်လည်း အခြား နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များနေသည့် အတွက် ရက် ၁၀၀ စီမံချက်အတွင်း ကုမ္ပဏီ မှတ်ပုံတင်ကြေးအား ငွေကျပ် ၁၀ သိန်းမှ ၅ သိန်း အထိ ထက်ဝက် လျှော့ချသွားရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ကုမ္ပဏီ မှတ်ပုံတင်ကြေးအား ထက်ဝက် လျှော့ချလိုက်သော်လည်း အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ၏ မှတ်ပုံတင်ကြေးအား အမှန်တကယ် လုပ်ငန်းလုပ်မည့် ကုမ္ပဏီများကို မှတ်ပုံတင်ပြီး လုပ်လာစေရန် ရည်ရွယ်ပြီး ငွေကျပ် ၁၀ သိန်းမှ ၂၅ သိန်း အထိ တိုးမြှင့်သွားရန် ရှိကြောင်း သိရသည်။
“စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ အတွက် စီမံကိန်း မူဝါဒနဲ့ ဘဏ္ဍာရေး မူဝါဒတွေကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာနအနေ နဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ရေး စီမံကိန်းတွေနဲ့ ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်ရေး၊ နိုင်ငံ တကာအဆင့်မီ စာရင်းအင်း စနစ်တည်ဆောက်ရေးနဲ့ အရည် အသွေး ပြည့်ဝပြီး တိကျ မှန်ကန်တဲ့ စာရင်းအင်းတွေ ရရှိ အသုံးပြုနိုင်ရေး၊ နိုင်ငံတော်ရဲ့ လူမှု စီးပွား ဖွံ့ဖြိုးမှု အတွက် ပြည်ပငွေကြေးနဲ့ နည်းပညာ အကူအညီ အထောက်အပံ့တွေ ရရှိရေး၊ ဖွံ့ဖြိုးမှု မိတ်ဖက်တွေ၊ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်ပ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နေပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူများ လက်တွေ့ ရရှိခံစားနိုင်မည့် လူမှုစီးပွားရေး တစ်ရပ်လုံး ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ငန်းစဉ် (၇) ရပ်ဖြစ်သည့် ကုမ္ပဏီ မှတ်ပုံတင်ကြေး ပြင်ဆင် သတ်မှတ်ခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ခရိုင် ဦးစီးရုံးများတွင် အခြေခံ စီမံကိန်း ရေးဆွဲခြင်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကျပ်သိန်း ၁ဝ,ဝဝဝ ချီးမြှင့်မည့် အောင်ဘာလေထီ ၅ဝဝ ကျပ်တန်ထီ အမျိုးအစားကို တိုးချဲ့ထုတ်ဝေခြင်း၊ ဖုန်းခေါ်ဆိုခ အပေါ် ကောက်ခံရရှိသော ကုန်သွယ် လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို နိုင်ငံတော် အနေဖြင့်ပြည်သူ လူထုအတွက် တိုက်ရိုက် အကျိုးရှိစေမည့် ကျန်းမာရေး စောင့်ရှောက်မှုတွေနှင့် ပညာရေးကဏ္ဍတွင် ထိထိရောက်ရောက် အသုံးပြုခြင်းဖြင့် ပြည်သူ လူထုအပေါ် ဝန်ဆောင်မှု ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့ပြင် ရက် ၁၀၀ စီမံချက် အတွင်း ရန်ကုန်ဆိပ်ကမ်း နှင့်လေဆိပ်များတွင် အလိုအလျောက် ပစ္စည်းရှင်းလင်းရေး စနစ် အသုံးပြုပြီး ကုန်ပစ္စည်း ရှင်းလင်းရေး လုပ်ငန်းများ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်ပေးခြင်း ၊ ဆိပ်ကမ်း ထုတ်ကုန်၊ သွင်းကုန် ရှင်းလင်း ရေးလုပ်ငန်းနှင့် လေကြောင်းကုန်စည် သွင်းကုန် ရှင်းလင်းရေး လုပ်ငန်းများကို စတင် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.