Connect with us

Economy

အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်း ချီးမြှင့်မည့် အောင်ဘာလေထီ စနစ် လာမည့် နှစ်တွင် စတင် ရောင်းချမည်

အောင်ဘာလေ ထီဆု ဖွင့်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အမြင့်ဆုံး ဆုငွေအဖြစ် ငွေကျပ် သိန်း တစ်သောင်း ချီးမြှင့်မည့် အောင်ဘာလေထီ ၅ဝဝ ကျပ်တန် အမျိုးအစား တိုးချဲ့ထုတ်ဝေ ရောင်းချခြင်းကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင် ရောင်းချသွားရန် ဆောင်ရွက် နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

အောင်ဘာလေထီ ၅၀၀ ကျပ်တန် တိုးချဲ ့ဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်၍ “အချိန်ကာလ အနေနဲ့ကတော့ ကျွန်တော်တို့ စတင် ဆောင်ရွက် နေပါပြီ။ စတင်ပြီးတော့ ရောင်းချနိုင်မယ့် အချိန်ကတော့ နောက်ထပ် ရှစ်လလောက် အကြာမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
အောင်ဘာလေထီ ၅၀၀ ကျပ်တန်တွင် အမြင့်ဆုံး ဆုငွေဖြစ်ရန် ပထမဆု ငွေကျပ် သိန်းတစ်သောင်း ဒုတိယဆု သိန်းငါးထောင် ၊ သိန်းတစ်ထောင် ၊ သိန်းငါးရာ စသည်ဖြင့် ဆုမဲပေါင်း များစွာဖြင့် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဘာလေ သိန်းဆုကို ၁၉၃၈ ခုနှစ်တွင် စတင်ထုတ်ဝေ၍ ထီတစ်စောင်ကို နှစ်ကျပ်နှုန်းဖြင့် ရောင်းချခဲ့၍ ထီဆုမဲများမှာ အမြင့်ဆုံးဆုသည် တစ်သိန်းဆု ဖြစ်ပြီး ထိုနောက် ထီလက်မှတ် ဈေးနှုန်း တိုးမြှင့်လာခဲ့ရာ နှစ်ရာကျပ်တန် ထီကို ၂ဝဝ၉ ခုနှစ်မှာ ထုတ်ဝေခဲ့ကြောင်း ၊ ထီဆုမဲများကိုလည်း ကျပ်တစ်သိန်းမှ သုံးသိန်း၊ ငါးသိန်း ၊ သိန်းငါးဆယ် ၊ သိန်းငါးရာ ၊ သိန်းတစ်ထောင် ၊ သိန်းတစ်ထောင့်ငါးရာ စသည်ဖြင့် တိုးမြှင့် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.