Connect with us

Economy

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချိန်တူးမြို့တွင် ကျင်းပမည့် ၈ကြိမ်မြောက်ချိန်တူး နိုင်ငံတကာခရီးသွားပွဲတော်သို့ မြန်မာနိုင်ငံအား တက်ရောက်ရန်ဖိတ်ကြားထား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချိန်တူးမြို့ အားတွေ့ရစဉ် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချိန်တူးမြို့တွင် ကျင်းပမည့် ၈ကြိမ်မြောက်ချိန်တူး နိုင်ငံတကာခရီးသွားပွဲတော် ကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၂၆ရက်မှ ၂၈ရက်အထိ ကျင်းပြုလုပ်မည်ဖြစ်ကြောင်း ၎င်းပွဲသို့ မြန်မာနိုင်ငံဘက်မှ လုပ်ငန်းရှင်များအားတက်ရောက်ရန် ဖိတ်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့ နိုဝင်ဘာ ၅ ရက်တွင်ပြောသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပါဝင်တက်ရောက်ပြသရန် ဖိတ်ကြားလာတာပါ။ အဲဒီပြပွဲက ခရီးသွားလုပ်ငန်းအမှတ်တံဆိပ် (Tourism Brands) မြှင့်တင်ရေး၊ လုပ်ငန်းရှင်များအချင်းချင်း သီးခြားတွေ့ဆုံဆွေးနွေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အရင်းအမြစ် (Tourism resources) များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးသွားလုပ်ငန်းထုတ်ကုန်ဆိုင်ရာ ဝန်ဆောင်မှု များ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ ကျွန်မတို့သိရပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါပြပွဲသို့ ခရီးသွားလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်အဖွဲ့အစည်းများက တာဝန်ရှိသူများ ပါဝင်တက်ရောက်စေလိုကြောင်း၊ အဆိုပါပွဲနှင့် ပတ်သက်၍ ပြပွဲဆိုင်ရာအချက်အလက်များအား အသေးစိတ်သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: moctradefair@gmail.com နှင့် moctradefair@myantrade. gov.mm သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.