Connect with us

Economy

တရုတ်နိုင်ငံ၊နန်နင်းမြို့ရှိအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲဗဟိုဌာန၌ ကျင်းပမည့် ဒုတိယအကြိမ်ကမ္ဘာ့ဆန်နှင့် ဂျုံခေါက်ဆွဲပြပွဲတွင်မြန်မာကုန်သည်များပြသနိုင်ရန်ဖိတ်ခေါ်

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲကျင်းပနေမှုများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊အောက်တိုဘာ၂၇ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်ကမ္ဘာ့ဆန်နှင့်ဂျုံခေါက်ဆွဲပြပွဲ(2nd World Rice & Flour Noodle Industry Expo ) ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့ရှိအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲဗဟိုဌာနတွင်၂၀၂၀  ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက် မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ မြန်မာကုန်သည်များအား ဖိတ်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့ အောက်တိုဘာ၂၇ ရက်တွင်ပြောကြားသည်။

“COVID-19 ရောဂါအခြေအနေကြောင့် လူကိုယ်တိုင်သွားဖို့မဖြစ်နိုင်ရင် အွန်လိုင်းကနေတက်ရောက်လို့ရမယ်လို့သိရတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာကျွန်မတို့မြန်မာစီးပွားရေးသံမှူးတွေရှိပါတယ်။နန်နင်းမှာလည်းရှိပါတယ်။ E-commerce နဲ့လုပ်လို့ရအောင်စီစဉ်ပေးဖို့လုပ်ထားတယ်။အွန်လိုင်းကနေချိတ်ဆက်ဆောင်ရွက်နိုင်တယ်’’ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါပြပွဲ၌မြန်မာနိုင်ငံ၏အဓိကအစားအစာယဉ်ကျေးမှုနှင့်အရေးပါသည့်ကုန်ပစ္စည်းများကိုခင်းကျင်းပြသနိုင်ရန်နန်နင်းမြို့၊မြန်မာကောင်စစ်ဝန်ချုပ်ရုံးအတွက် (၃၆) စတုရန်းမီတာအကျယ်ရှိသောပြခန်းအားအခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံ၏အဓိကအစားအစာယဉ်ကျေးမှုနှင့်အရေးပါသည့်ကုန်ပစ္စည်းများကိုခင်းကျင်းပြသရန်တရုတ်နိုင်ငံတွင်ရုံးခွဲများဖွင့်လှစ်ထားသောမြန်မာနိုင်ငံမှခေါက်ဆွဲနှင့်ဟင်းခပ်အမွှေးအကြိုင်လုပ်ငန်းများကလာရောက်ပြသရေးအတွက် အထောက်အကူပြုပေးရန်ဖိတ်ကြားထားကြောင်းသိရသည်။

ပြပွဲနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက  Web: http://www. gxexpogp.cn၊ Email- emilyhuangxq@ 163.com၊ Tel: +86-771-2268022 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့်ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါကမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ရုံးအမှတ်(၃)၊နေပြည်တော်၊ဖုန်း-၀၆၇-၃၄၀၈၆၀၈၊၀၆၇-၃၄၀၈၆၂၂၊၀၆၇-၃၄၀၈၆၂၃နှင့် email: [email protected] နှင့် [email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရသည်။  (Xinhua)