Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ထိုင်းနိုင်ငံတွင် တရားမဝင် ဆင်စွယ် ကုန်သွယ်မှု အဆုံးသတ်ရန် ဥပဒေများ တင်းကြပ်မည်ဟု ဆို - Xinhua News Agency
Connect with us

Economy

ထိုင်းနိုင်ငံတွင် တရားမဝင် ဆင်စွယ် ကုန်သွယ်မှု အဆုံးသတ်ရန် ဥပဒေများ တင်းကြပ်မည်ဟု ဆို

ထိုင်းရဲတပ်ဖွဲ့ဝင်များက တရားမဝင် ဖမ်းဆီး ရမိထားသော ဆင်စွယ်များအား စစ်ဆေးနေစဉ် (ဓာတ်ပုံ - အင်တာနက်)

ဘန်ကောက် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းအာဏာပိုင် အဖွဲ့(TAT) က နိုင်ငံတွင်း တရားမဝင် ဆင်စွယ် ကုန်သွယ်မှုကို အဆုံးသတ်နိုင်ရန် အတွက် ဆင်စွယ် ရောင်းဝယ်ခြင်းတွင် ထိရောက်သော အရေးယူမှု အစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဧပြီလ ၂၇ တွင် ပြောသည်။

နိုင်ငံတကာ မျိုးသုန်း ပျောက်ကွယ်လု နီးပါး တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ် ဖောက်ကားမှု တားဆီးရေးအဖွဲ့ (CITES) ၏ သဘောတူညီချက်ကို အကောင်အထည် ဖော်ရန် တရားမဝင် ဆင်စွယ်ကုန်သွယ်မှု နှင့် ဆင်စွယ် အလှကုန်ပစ္စည်း ထုတ်လုပ် ရောင်းချနေမှုများကို တင်းကြပ်သော ဥပဒေများ ပြဌာန်း၍ ထိန်းချုပ်သွားမည့် ထိုင်းနိုင်ငံ၏ ခြေလှမ်း တစ်ရပ်ဖြစ်သည်။

မည်သည့် ဆင်စွယ် အမျိုးအစားဖြစ်စေ ထိုင်းနိုင်ငံအတွင်း ဖြတ်သန်း သယ်ဆောင်ပါက စည်းကမ်း လိုက်နာရန် နှင့် အာဖရိက ဆင်များကို အကာအကွယ် ပေးရမည့် မျိုးစိပ် တစ်ခုအဖြစ် အသိအမှတ် ပြုရန် စသည့် ပြင်ဆင်ချက်များ ပါဝင်သော အမျိုးသား ဆင်စွယ်ဥပဒေ ပြင်ဆင်ချက်ကို ထိုင်းနိုင်ငံက ၂ဝ၁၅ ခုနှစ်တွင် အတည်ပြုခဲ့ကြောင်း TAT ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အမျိုးသား ဆင်စွယ် ဥပဒေ ပြင်ဆင်ချက်အရ ထိုင်းနိုင်ငံ အတွင်းရှိ ဆင်စွယ်များ ၊ ဆင်စွယ် ပစ္စည်း ရောင်းချခြင်းများ (သို့မဟုတ်) ထိုင်းနိုင်ငံ အတွင်း လွှဲပြောင်းခြင်းများ ပြုလုပ်ပါက နှစ်ဦးနှစ်ဖက် သဘောတူညီကြောင်း သက်သေခံချက် (သို့) အဆိုပါ သယ်ဆောင်မှုသည် တရားဝင်ဖြစ်ကြောင်း သက်သေပြရန် (သို့) ကိုယ်စားပြုသည့် အဖွဲ့အစည်း သက်သေခံ လက်မှတ်များကို ပြသရန် လိုအပ်သည်။ အကယ်၍ ဖော်ပြပါ အချက်ထဲမှ တစ်ချက်ချက် ကိုက်ညီခြင်း မရှိပါက ၎င်းကို တရားမဝင် ဆင်စွယ် နှင့် ဆင်စွယ် အလှကုန်ပစ္စည်း ကုန်သွယ်မှုဖြစ် အရေးယူ ခံရမည်။
တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော မည်သည့် ဆင်စွယ်နှင့် ဆင်စွယ် အလှကုန် ပစ္စည်း တစ်ခုကိုမျှ တင်သွင်းခြင်း ၊ တင်ပို့ခြင်းကို ထိုင်းနိုင်ငံက တားမြစ်ထားသည်။ နိုင်ငံတွင်း ဆင်စွယ် တင်သွင်းခြင်း ဖြစ်စေ ၊ နိုင်ငံပြင်ပသို့ဆင်စွယ် တင်ပို့ခြင်း ဖြစ်စေ ဥပဒေ ချိုးဖောက်ခြင်း ဖြစ်ပြီး ထောင်ဒဏ်သုံးနှစ် ဖြစ်စေ ၊ ငွေဒဏ်ဘတ် ၆ သန်း ဖြစ်စေ (သို့မဟုတ် ) ဒဏ်နှစ်မျိုးစလုံး ဖြစ်စေ ကျခံရနိုင်သည်။
နိုင်ငံတွင်း တရားမဝင် ဆင်စွယ် ကုန်သွယ်မှုကို ရပ်တန့်နိုင်ရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ အမျိုးသား ဥယျာဉ်များ နှင့် တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး ဌာန (DNP) က ဆင်စွယ်နှင့် ဆင်စွယ် ပစ္စည်း မှောင်ခိုမှု နှင့် ပတ်သက်သော ပညာပေး ဗီဒီယို ဇာတ်လမ်းတွဲများကို ကမ္ဘာလှည့် ခရီးသွားများအား ပြသပေး နေကြောင်းသိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.