Connect with us

Economy

တရုတ်နိုင်ငံသို့ ယခု ဘဏ္ဍာနှစ်၌ တရားဝင် လမ်းကြောင်းမှ ဆန်တန်ချိန် ၅ဝဝဝဝ ခန့် တင်ပို့နိုင်မည်

တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များကို တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ယခု ဘဏ္ဍာနှစ်အတွင်း တရားဝင်လမ်းကြောင်းမှ ဆန်တန်ချိန် ၅၀၀၀၀ ခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ယခုထက် ပိုမို တင်ပို့နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဖေဖော်ဝါရီလ အထိ တရားဝင် ဆန်တန်ချိန် ၃ဝဝဝဝ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်ကာ ဘဏ္ဍာနှစ် ကုန်တွင် တန်ချိန် ၅ဝဝဝဝ ခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

တရုတ်နိုင်ငံက CCIC အဖွဲ့သည် ယခုလအတွင်း မြန်မာနိုင်ငံ၌ ရုံးခန်း လာရောက် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်များ တွင်လည်း တရုတ်နိုင်ငံသို့ တရားဝင် လမ်းကြောင်းမှ ဆန်ပိုမို တင်ပို့နိုင်မည့် ဈေးကွက် အလားအလာ ပိုကောင်းလျှက်ရှိသည်။

၂ဝ၁၅ ခုနှစ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စိုက်ပျိုးခဲ့သော စပါးများမှာ ဧရာဝတီတိုင်း ဒေသကြီးရှိ ကျုံပျော်၊ ငါးသိုင်းချောင်း၊ မြောင်းတကာ၊ အသုတ်နှင့် ကန်ကြီးဒေါင့် မြို့နယ်တို့၌ ထွက်ရှိနေပြီ ဖြစ်ပြီး ယခုနှစ် နွေစပါး စိုက်ပျိုးထုတ်လုပ်မှု အနေအထားမှာ ၂ ဒသမ ၆ သန်း စိုက်ပျိုးခဲ့ ကြောင်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သတင်း အချက်အလက်များအရ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် ယမန်နှစ်က ဆန်တန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ၁ ဒသမ ၃ သန်းခန့် တင်ပို့နိုင်ခဲ့ရာ ယခုဘဏ္ဍာနှစ်ကုန် အထိ ၁ ဒသမ ၄ သန်းခန့်သာ တင်ပို့နိုင်မည် ဖြစ်သောကြောင့် ယမန်နှစ်ကထက် ဆန်တန်ချိန် လေးသိန်းခန့် လျော့နည်း၍ တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.