Connect with us

Economy

COVID-19ကာလအတွင်း အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် ၁၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်းဆို

ရန်ကုန်မြို့ရှိ ဖရဲသီးဒိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19ကာလအတွင်း အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် ၁၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်းကို COVID-19 ဒုတိယလှိုင်းစတင်ချိန်ကထက် တင်ပို့မှုပြန်လည်မြင့်တက်လာခဲ့ကြောင်း နှင့် ကုန်သွယ်မှုတွေ မြန်ဆန်စေရေးအတွက် မြန်မာနိုင်ငံ ပြည်တွင်းတွင် ဖြေလျှော့မှုများပြုလုပ်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူ က ဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင်ပြောသည်။

“အဓိကအချက်က သယ်ယူပို့ဆောင်မှုမှာ အကန့်အသတ်လေးတွေရှိတယ်။အခုကတော့ ပြည်တွင်းမှာ အစိုးရဘက်က အများကြီးဖြေလျှော့ပေးထားတယ်။ကုန်ကားမောင်းသူတွေကို အရင်က swab ယူပြီး Negative ဖြစ်မှ သွားရမယ်ဆိုပြီး အရင်ကတိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အဆင့်ဆင့်လုပ်တယ်။ အခုကတော့ ပြည်တွင်းမှာဆိုရင် ထွက်တဲ့နေရာမှာကျန်းမာရေးစစ်ဆေးပြီး Negative ဖြစ်ရင် ၇၂နာရီအတွင်း ကျန်းမာရေးစစ်ဆေးပြီးကြောင်းလက်မှတ်နဲ့ သွားလို့ရတယ်။ အဲဒါက မူဆယ်အထိအကျူံ အကျူံး ဝင်တယ်”ဟု ၎င်းကရှင်းပြသည်။

တရုတ်နိုင်ငံသို့ဖရဲသီးတင်ပို့မှုမှာ အောက်တိုဘာပထမပတ်တွင် ဖရဲသီးတန်ချိန် ၁၅၄၃တန်၊ ဒုတိယပတ်တွင် ဖရဲသီးတန်ချိန် ၂၄၅၈ တန်၊ တတိယပတ်တွင် ဖရဲသီးတန်ချိန် ၃၃၂၇ ဒဿမ ၅တန် နှင့် နောက်ဆုံးပတ်တွင် ဖရဲသီးတန်ချိန် ၆၇၁၀ တန် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၁၄,၀၃၈ ဒဿမ ၅ တန်တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.