Connect with us

Politics

မြန်မာနိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံရပ်တည်ကြောင်း ထပ်မံပြောကြား

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံရပ်တည်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်အရေးနှင့်ပတ်သက်သော မှားယွင်းသည့်ပြောကြားချက်များနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၂၁ ရက်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထပ်မံအလေးထား ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်၏ သက်ဆိုင်ရာ သဘောထားဖော်ပြချက်များကို မြန်မာနိုင်ငံအစိုးရအနေဖြင့် သတိထားမိကြောင်း၊ ထို့အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကို ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့သည်။

ပထမအချက်အနေဖြင့် မြန်မာနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် မြန်မာနိုင်ငံက ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိသည်ကိုလည်း မြန်မာနိုင်ငံယာယီသမ္မတ မင်းအောင်လှိုင်က တရုတ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံရချိန်တိုင်းတွင် ထပ်လောင်းအတည်ပြု ခိုင်မာစွာ ပြောကြားခဲ့ကြောင်း၊ ဒုတိယအချက်အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေကောင်း နိုင်ငံများဖြစ်ပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံများနှင့် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်နေသည့်နိုင်ငံများ ဖြစ်ကြောင်း၊ ယင်းအချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် အထူးအလေးထား တန်ဖိုးထားကြောင်း၊ တတိယအချက်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်၏ ပထမအချက်ပါအတိုင်း တရုတ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာ မြန်မာနိုင်ငံက လေးစားပြီး ၎င်းအချက်အပေါ် ကာကွယ်ခြင်းကို မြန်မာနိုင်ငံက အစဉ်အမြဲ ထောက်ခံရပ်တည်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
缅甸重申坚持一个中国政策
新华社仰光11月22日电(记者黎广滔 张东强)就日本首相高市早苗涉台错误言论,缅甸国家安全与和平委员会新闻发布组组长佐敏吞21日在回应媒体提问时重申,缅甸政府坚持一个中国政策。
佐敏吞表示,缅甸政府注意到日本首相相关表态,就此阐明缅方立场:一、缅甸政府坚持一个中国政策。代总统敏昂莱在与中国领导人会晤时已多次明确重申这一立场。二、中缅两国是友好邻邦,正携手共建全面战略合作伙伴关系,致力于构建命运共同体。缅甸政府高度重视并珍视这一关系。三、缅甸始终遵循和平共处五项原则,尊重中国主权和领土完整,并将一如既往支持中方维护国家统一的努力。