Sino-Myanmar
တရုတ်-မြန်မာ နှစ်နိုင်ငံ သုတေသီများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငါးကြီးမျိုးစိတ်သစ်နှစ်မျိုး တွေ့ရှိ

ရန်ကုန်/ကူမင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ သုတေသီများ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့သည် မကြာမီကာလများက တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်းမြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ဧရာဝတီမြစ်ကြောင်းတွင် Bagarius မျိုးစုဝင် ငါးမျိုးစိတ်သစ် နှစ်မျိုး 𝐵𝑎𝑔𝑎𝑟𝑖𝑢𝑠 𝑝𝑟𝑜𝑡𝑜𝑠 နှင့် 𝐵𝑎𝑔𝑎𝑟𝑖𝑢𝑠 𝑑𝑜𝑙𝑖𝑐ℎ𝑜𝑛𝑒𝑚𝑎 ကို ရှာဖွေတွေ့ရှိခဲ့သည်။ သက်ဆိုင်ရာရလဒ်များကို နိုင်ငံတကာ သတ္တဗေဒဂျာနယ် Zoosystematics and Evolution တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
သုတေသနအဖွဲ့သည် လတ်တလော နှစ်ပေါင်း ၂၀ အတွင်း နုကျန်းမြစ်ကြောင်းနှင့် ဧရာဝတီမြစ်ကြောင်းအတွင်း Bagarius မျိုးစုဝင် ငါးနမူနာများကို စုစည်းစီမံလေ့လာခဲ့ရာ morphological ၊ osteological နှင့် molecular phylogenetic ပညာရပ်ဆိုင်ရာ သုတေသနပြုမှုများမှတစ်ဆင့် ငါးမျိုးစိတ်အသစ်နှစ်မျိုးကို တွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံတွင် ကျက်စားနေသော Bagarius မျိုးစုဝင် မျိုးစိတ် ၅ မျိုး အထိရှိကြောင်း ပထမဆုံးအကြိမ် အတည်ပြုခဲ့သည်။ ယင်းသုတေသနပြုမှုသည် Bagarius မျိုးစုဝင် မျိုးစိတ် ၇ မျိုးရှိကြောင်းနှင့် မျိုးစိတ်အသီးသီးကို ခွဲခြားသည့် အမှတ်သင်္ကေတနှင့် ၎င်းတို့ ကျက်စားသည့် နေရာအတိုင်းအတာကို ရှင်းလင်းစွာ ဖော်ပြနိုင်ခဲ့သည်။
အဆိုပါစာတမ်း၏ သက်ဆိုင်ရာ ဆက်သွယ်ရန် စာရေးသူ၊ တရုတ်သိပ္ပံအကယ်ဒမီ ကူမင်းသတ္တဗေဒ သုတေသနဌာန သုတေသီ ချန်ရှောင်ရုန်က Bagarius မျိုးစုဝင် ငါးများသည် ကမ္ဘာတွင် ကိုယ်ထည်အကြီးဆုံး Siluriformes မျိုးစဉ်ထဲမှ တစ်ခုဖြစ်ကာ ငါးကိုယ်ထည်အရှည်မှာ ၂ မီတာကျော်အထိ ရှိနိုင်ပြီး ကိုယ်ထည်နှင့် ထူးခြားဆန်းကြယ်သည့် အပြင်ပန်းပုံသဏ္ဌာန်ကြောင့် နာမည်ကျော်သည်ဟု မိတ်ဆက်ပြောကြားခဲ့သည်။
𝐵𝑎𝑔𝑎𝑟𝑖𝑢𝑠 𝑝𝑟𝑜𝑡𝑜𝑠 နှင့် အခြားမျိုးစုတူငါးများကို ငါးမျက်ရိုးအပေါ်ပိုင်းတွင် ဖုထစ်မှုမရှိခြင်း၊ မျက်စိ အချင်းသေးငယ်ခြင်း၊ ငါးအမြီးပိုင်း အတန်အသင့်ကြီးခြင်း၊ အတန်ငယ်တိုတောင်းသည့် ရေယက်ဆူးတောင်၏ အမျှင်သဏ္ဌာန် ရှည်လျားခြင်း၊ ပထမ ကျောရိုး အရှေ့သို့ သိသိသာသာ ထိုးထွက်ခြင်း၊ ကျောရိုးဆူးတောင် ထူ၍သန်မာခြင်း၊ ငါးအမြီးပိုင်း ကျောရိုးဆူးတောင်အရှေ့ရှိ စတုတ္ထမှ ဆဋ္ဌမကျောရိုးအဆစ် အဖျားချွန်ခြင်း၊ ငါးအမြီးပိုင်း ကျောရိုးဆူးတောင်သည် ငါးအမြီးပိုင်းဝမ်းဗိုက်ဆူးတောင်၏ တည့်တည့် သို့မဟုတ် အနောက်ဘက်နား အပေါ်တွင် ရှိခြင်း စသည့် လက္ခဏာများဖြင့် ခွဲခြားနိုင်ကြောင်း ချန်ရှောင်ရုန်က ပြောကြားခဲ့သည်။
𝐵𝑎𝑔𝑎𝑟𝑖𝑢𝑠 𝑑𝑜𝑙𝑖𝑐ℎ𝑜𝑛𝑒𝑚𝑎 နှင့် အခြားမျိုးစုတူငါးများကိုမူ ငါးမျက်ရိုးအပေါ်ပိုင်းတွင် ဖုထစ်မှုမရှိခြင်း၊ ငါးအမြီးပိုင်း အတန်ငယ် သေးသွယ်ခြင်း၊ အတန်ငယ် ရှည်လျားသည့် ရေယက်ဆူးတောင်၏ အမျှင်သဏ္ဌာန် ရှည်လျားခြင်း၊ ပထမ ကျောရိုး အရှေ့သို့ ထိုးထွက်မှု မထင်ရှားခြင်း၊ ကျောရိုးဆူးတောင် ထူ၍သန်မာခြင်း၊ ငါးအမြီးပိုင်း ကျောရိုးဆူးတောင်အရှေ့ရှိ စတုတ္ထမှ ဆဋ္ဌမကျောရိုးအဆစ် အဖျား အတန်အသင့်ပြားခြင်း၊ ငါးအမြီးပိုင်း ကျောရိုးဆူးတောင်သည် ငါးအမြီးပိုင်း ဝမ်းဗိုက်ဆူးတောင်၏ တည့်တည့် သို့မဟုတ် အနောက် အနောက်ဘက်နား အပေါ်တွင် ရှိခြင်း စသည့် လက္ခဏာများဖြင့် ခွဲခြားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
中缅研究人员合作发现两个大型鱼类新种
新华社仰光/昆明6月26日电(记者张东强 岳冉冉)中国和缅甸研究人员组成的团队近期在云南怒江水系与缅甸伊洛瓦底江水系发现魾属鱼类两个新物种——原魾和长丝魾。相关成果已发表在国际动物学期刊《动物系统学与进化》上。
研究团队整理了近20年在怒江水系与伊洛瓦底江水系采集的巨魾标本,经形态学、骨学与分子系统发育研究,发现两个鱼类新物种,并首次确认中国分布魾属物种达5种。此项研究还把魾属物种确定在7种,明确了各个物种的鉴别特征与分布范围。
据论文通讯作者、中国科学院昆明动物所研究员陈小勇介绍,魾属鱼类是世界上体型最大的鲇形目类群之一,体长可超过2米,以其体型和怪异的外表著称。
陈小勇说,原魾与同属物种可通过眼眶上方不隆起、小眼径、较粗的尾柄、较短的胸鳍丝状延伸、第一项背骨前突明显、背鳍刺粗壮、脂鳍前方第4至6脊椎髓脊远端尖细、脂鳍起点位于臀鳍起点正上方或略后等特征以区别。
长丝魾与同属物种可通过眼眶上方不隆起、较细的尾柄、较长的胸鳍丝状延伸、第一项背骨前突不明显、背鳍刺粗壮、脂鳍前方第4至6脊椎髓脊远端稍扁平、脂鳍起点位于臀鳍起点正上方或略后等特征以区别。(完)