Connect with us

Politics

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျန်းရှင့်ကျစ် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျန်းရှင့်ကျစ်သည် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၌ ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် တက်ရောက်ခဲ့ရာ ထိုနေ့တွင်ပင် သမ္မတ ဦးမင်းအောင်လှိုင်က ကျန်းရှင့်ကျစ်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျန်းရှင့်ကျစ်သည် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၌ ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် တက်ရောက်ခဲ့သည်။ ထိုနေ့တွင်ပင် သမ္မတ ဦးမင်းအောင်လှိုင်က ကျန်းရှင့်ကျစ်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ကျန်းရှင့်ကျစ်က သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းစကားများအား ဦးမင်းအောင်လှိုင်ကို တစ်ဆင့်ပြောကြားခဲ့သည်။
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် အဓွန့်ရှည်ကြာပြီး နှစ်ဖက် ရေရှည် သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ အပြန်အလှန်ဖေးမကူညီခြင်းသည် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း၏ နက်ရှိုင်းသောအနက်အဓိပ္ပာယ်ကို အပြည့်အဝ အထင်အရှားပြသခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက မိမိနိုင်ငံ၏အခြေအနေနှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းမှုကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံလူပုဂ္ဂိုလ်၊ စီမံကိန်းများ၏လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် လက်တွေ့အောင်မြင်မှုရလဒ်များ ပိုမိုရရှိရေး တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဦးမင်းအောင်လှိုင်က သမ္မတ ရှီကျင့်ဖိန်ထံသို့ ရင်းနှီးစွာနှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းစကားများကို ကျန်းရှင့်ကျစ်မှတစ်ဆင့် ပြောကြားခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံဘက်က အဖိုးတန်သည့် အကူအညီများပေးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏လုံခြုံရေးနှင့်အကျိုးစီးပွားများကို အစွမ်းကုန်သေချာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ကာ တရုတ်-မြန်မာ ဆိုးတူကောင်းဖက် အေးအတူ ပူအမျှ အသိုက်အဝန်းကို ခိုင်မာအောင်တည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
习近平主席特使、全国政协副主席姜信治出席缅甸总统敏昂莱就职仪式
新华社内比都4月10日电(记者张东强 黎广滔)当地时间2026年4月10日,应缅甸联邦共和国政府邀请,习近平主席特使、全国政协副主席姜信治在缅甸首都内比都出席缅甸总统敏昂莱就职仪式。同日,敏昂莱总统在内比都会见姜信治。
姜信治向敏昂莱转达了习近平主席的亲切问候和良好祝愿,表示中缅胞波情谊源远流长,双方长期和睦相处、守望相助,充分彰显了中缅命运共同体的深刻内涵。中方支持缅方走符合本国国情的发展道路,愿同缅方深化高质量共建“一带一路”合作,维护中缅边境稳定和中方在缅人员、项目安全,推动中缅命运共同体建设取得更多务实成果。
敏昂莱请姜信治转达他对习近平主席的诚挚问候和良好祝愿,表示缅方感谢中方长期为缅经济社会发展提供宝贵帮助。缅方坚定奉行一个中国原则,支持中方提出的四大全球倡议,将全力保障中方在缅安全利益,愿同中方深化各领域务实合作,筑牢缅中同甘共苦的命运共同体。(完)
1. 当地时间2026年4月10日,应缅甸联邦共和国政府邀请,习近平主席特使、全国政协副主席姜信治在缅甸首都内比都出席缅甸总统敏昂莱就职仪式。这是4月10日,缅甸总统敏昂莱在内比都会见姜信治。 新华社记者 黎广滔 摄