Connect with us

Culture

တရုတ်လက်ဖက်ရည်ကြမ်းယဉ်ကျေးမှု၊ ယူနန်ပြည်နယ် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းအခမ်းအနား မြန်မာနိုင်ငံတွင် ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ၂၀၂၄ ခုနှစ် ဩဂုတ် ၉ ရက်၌ ပြုလုပ်သော မင်္ဂလာအဖြာဖြာ ဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာပွဲ အခမ်းအနားကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်လက်ဖက်ရည်ယဉ်ကျေးမှုနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း “မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” အခမ်းအနားကို ဩဂုတ် ၉ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာနှင့် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနတို့က ဦးစီးကျင်းပခြင်းဖြစ်သည်။ ထိုအခမ်းအနားသို့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍမှ လူပုဂ္ဂိုလ်များနှင့် ပြည်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယာယီတာဝန်ခံ Cao Jing က လက်ဖက်ရည်ကြမ်းအနုပညာဆိုသည်မှာ သဟဇာတဖြစ်ခြင်း၊ ငြိမ်းချမ်းခြင်း စသည့် တရုတ်ရိုးရာ ယဉ်ကျေးမှုသဘောများကို ဖော်ဆောင်သည်သာမက တရုတ်ယဉ်ကျေးမှုနှင့် ကမ္ဘာ့ယဉ်ကျေးမှုတို့ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းကိုလည်းပဲ ဖော်ပြခြင်းဖြစ်ကြောင်း ထိုအခမ်းအနား၌ ပြောကြားခဲ့သည်။ ယမန်နှစ်က တရုတ်နိုင်ငံသည် “မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” လှုပ်ရှားမှုပွဲကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ကျင်းပခဲ့သည်။ နိုင်ငံ၊ ဒေသ၊ နိုင်ငံတကာအဖွဲ့အစည်း အများအပြား၏ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ခြင်းကြောင့် ယဉ်ကျေးမှုများ သဟဇာတဖြစ်စွာ အတူတည်ရှိကြောင်း ဖော်ပြသည့် ထင်ရှားသော သာဓကတစ်ခုလည်း ဖြစ်ကြောင်း Cao Jing က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က “မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” အခမ်းအနားက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေးသည်သာမက တရုတ်ရိုးရာလက်ဖက်ရည်ကြမ်းယဉ်ကျေးမှုကို ကမ္ဘာအနှံ့ မြှင့်တင်ပေးခြင်းလည်းဖြစ်ကြောင်း အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။
ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Wang Jianghong က မကြာသေးမီနှစ်များအတွင်း ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ ကွန်ရက်ချိတ်ဆက်မှုမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ်မှုနက်ရှိုင်းခြင်း၌လည်း ထင်ရှားသောရလဒ်များ ရရှိခဲ့ကြောင်း ယင်းအခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။
ယူနန်ပြည်နယ်အနေဖြင့် လက်ဖက်ရည်ကို ကြားခံနယ်အဖြစ်ထားကာ ချစ်ကြည်ရင်းနှီးမှုကို ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ တရုတ်ယဉ်ကျေးမှုကို ပြည်သူများနားလည်သဘောပေါက်စေရန် အားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း Wang Jianghong က ပြောခဲ့သည်။
“မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” အခမ်းအနားကို တရုတ်နှင့် မြန်မာ အနုပညာတင်ဆက်မှုများ၊ လက်ဖက်ရည်နှင့် ယူနန်ပြည်နယ် ဓာတ်ပုံပြပွဲ၊ ယူနန်ရှိ မျိုးနွယ်စု ဝတ်စားဆင်ယင်မှုပြပွဲ၊ လက်ဖက်ထုတ်ကုန်များ ခင်းကျင်းပြသခြင်း စသည့် အစီအစဉ်များ ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Promotion event of Chinese tea culture, Yunnan Province culture, tourism held in Myanmar
YANGON, Aug. 9 (Xinhua) — A promotion event of Chinese tea culture and China’s Yunnan Province culture and tourism was held in Yangon, Myanmar on Friday.
The event was hosted by the China Cultural Center in Yangon and Yunnan Provincial Department of Culture and Tourism. More than 100 people from China’s and Myanmar’s education, culture and tourism sectors attended the event.
Cao Jing, charge d’affaires of the Chinese embassy in Myanmar, said during the event that tea not only embodies the values of harmony and equality in Chinese traditional culture, but also reflects the peaceful coexistence of Chinese civilization and other civilizations around the world. Last year, China began to organize promotion events of tea culture globally. The strong support the events have received is an example of the harmonious coexistence and mutual achievement of different civilizations.
Myanmar’s Union Minister for Hotels and Tourism Thet Thet Khine said the event is not only to promote cultural exchanges and tourism cooperation between Myanmar and China, but to promote traditional Chinese tea culture worldwide as well.
Wang Jianghong, deputy head of Yunnan Provincial Department of Culture and Tourism, said that in recent years, Yunnan Province has vigorously carried out exchanges and cooperation with Myanmar, and has achieved remarkable results in promoting connectivity and deepening cultural exchanges with Myanmar. Yunnan hopes to use tea as a medium to strengthen tea culture exchanges with Myanmar and encourage more people to understand Chinese culture.
The event included Chinese and Myanmar art performances, a tea and Yunnan-themed photo exhibition, Yunnan ethnic costumes exhibition, and a tea product display.