Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

Economy

ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံကုန်ပစ္စည်း ကုန်သွယ်ရေးပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုး တရုတ်ယွမ်ငွေ ၁၉.၈ ထရီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၉.၄ ရာခိုင်နှုန်းတိုးတက်လာ

ပြောင်းဖူးများ စုပုံထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ယခုနှစ်ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ ကုန်ပစ္စည်း ကုန်သွယ်ရေးပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုးသည် တရုတ်ယွမ်ငွေ ၁၉.၈ ထရီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၉.၄ ရာခိုင်နှုန်းတိုးတက်လာသည်ဟု တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) ပြောဆိုခွင့်ရပုဂ္ဂိုလ် Mr. Li Kuiwen က ဇူလိုင် ၁၃ ရက်၌ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) ပြောဆိုခွင့်ရပုဂ္ဂိုလ် Mr. Li Kuiwen သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားနေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

တရုတ်နိုင်ငံသည် Industry chain တည်ငြိမ်ရေးအား တက်တက်ကြွကြွမြှင့်တင်လျက်ရှိပြီး အရေးကြီး Industry chain supply chain လုပ်ငန်းများ၏ အာမခံလုပ်ငန်းအား ကောင်းမွန်စွာဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာတင်သွင်းမှု အဆင်ပြေချောမွေ့ရေးနှင့် လာရာအရင်းအမြစ်အမျိုးစုံလင်မှုတို့အား ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ ပြောင်းဖူး၊ မာလဝီနိုင်ငံ ပဲပိစပ်၊ ဘရာဇီးနိုင်ငံ ပြောင်းဖူးနှင့်မြေပဲ စသည်တို့အား တရုတ်နိုင်ငံသို့တင်သွင်းရန် အပင်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီးစီးခဲ့၍ RCEP အဖွဲ့ဝင်နိုင်ငံများ၏ အရည်အသွေးမြင့်စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့မှုအား ဖော်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာမီ မြန်မာနိုင်ငံ၏ပြောင်းဖူးရာသီ ကျရောက်လာတော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီများသည် နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြောင်းဖူးတင်ပို့နိုင်ကြောင်း၊ ထိုကဲ့သို့ဖြင့် ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်လျှော့ချနိုင်ပြီး မြန်မာနိုင်ငံတောင်သူများ ဝင်ငွေတိုးပွားလာစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)