Connect with us

Economy

တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲပိုမိုတင်ပို့နေရပြီး ဈေးကောင်းရနေ

ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ခုတွင် ဆန်ပြာနေသည့်အမျိုးသမီးတစ်ဦးအား ၂၀၂၂ ခုနှစ် မေ ၂၂ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုသည် ၂၀၂၂ ခုနှစ် မေ ၁၆ ရက် နောက်ပိုင်းမှစ၍ ပိုမိုများပြားလာပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၉ ရက်တွင် ပြောသည်။

ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ခုတွင် ဆန်အိတ်ထမ်းနေသော အမျိုးသားတစ်ဦးအား ၂၀၂၂ ခုနှစ်၊ မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဦးမင်းသိန်းက “တရုတ်နိုင်ငံကို ဆန်နဲ့ ဆန်ကွဲတင်ပို့နေတာက အကျိုးအမြတ်ရှိပါတယ်။ ဆန်နဲ့ဆန်ကွဲကို ယွမ်ငွေကနေ ကျပ်ငွေစနစ်နဲ့ပဲ တင်ပို့နေရတော့ ကျွန်တော်တို့အနေနဲ့ ပိုအဆင်ပြေပါတယ်။ ဈေးနှုန်းအနေနဲ့ ပြောရရင်လည်း ဆန် ကီလို ၅၀ တစ်အိတ်ကို ယွမ် ၁၅၀ မှ ၁၆၀ ကြားရှိတယ်။ ဆန်ကွဲ ကီလို ၅၀ တစ်အိတ်ကို ယွမ်ငွေ ၁၂၀ ဝန်းကျင်ရှိပါတယ်။’’ ဟု ပြောသည်။

တရုတ်နိုင်ငံဘက်သို့ တင်ပို့ရသည့် အပိုင်းတွင်လည်း ယခင်ကဲ့သို့ ကြန့်ကြာမှုများ မရှိတော့ကြောင်း၊ တရုတ်နိုင်ငံဘက်မှ COVID-19 စည်းမျဉ်းစည်းကမ်းများအား ဖြေလျှော့နိုင်သလောက်ဖြေလျှော့ပေးထားကြောင်း ၎င်းကဆိုသည်။

“ ကုန်သည်တွေအဖို့တော့ အဆင်ပြေပါတယ်။ ဆန်နဲ့ ဆန်ကွဲ တစ်အိတ်ကို ယွမ်ငွေ ၁၀ လောက် ပျမ်းမျှအားဖြင့် ဈေးတက်လာတယ်လို့ ပြောချင်ပါတယ်။ ဆန်နှင့် ဆန်ကွဲ အိတ်ရေ ၁,၀၀၀ ပါတဲ့ကား အစီးရေ တစ်နေ့ကို ပျမ်းမျှ ၁၅ စီးလောက် တရုတ်နိုင်ငံထဲကို ဝင်ပါတယ်။ အရင်ထက်စာရင် ကားအစီးရေ ၄ စီး ၅ စီးလောက် ပိုလာတယ်လို့ ပြောလို့ရပါတယ်။ တနေ့ကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂၅၀ လောက် ပိုပြီး တင်ပို့နိုင်ပါတယ်။’’ ဟု၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ဆန်ကွဲ၊ ပဲတီစိမ်း၊ ဆီထွက်သီးနှံ၊ ပြောင်းဖူး၊ ရာဘာနှင့် စားသောက်ကုန်တို့ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်းနှင့် စားကုန်၊ သောက်ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
“တရုတ်နိုင်ငံဘက်ကလည်းဖြေလျှော့ပေးတယ်။ မြန်မာနိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း ကြိုးစားပြီး ဆောင်ရွက်ပေးတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးတွေ က တဖြည်းဖြည်း ပိုတိုးတက်လာမယ်လို့ရှုမြင်သုံးသပ်မိပါတယ်။’’ ဟု ဦးမင်းသိန်းက ပြောသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117