Connect with us

Sino-Myanmar

တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်မှု ပြုလုပ်ခဲ့ကြသော အားကစားသမားများက (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရလဒ်ကောင်းများ ဆွတ်ခူးနိုင်ခဲ့ကြောင်းထုတ်ပြန်

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များ ရရှိခဲ့သော အားကစားသမားများအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်မှု ပြုလုပ်ခဲ့ကြသော အားကစားသမားများသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရလဒ်ကောင်းများ ဆွတ်ခူးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ မေ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များ ရရှိခဲ့သော အားကစားသမားများအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များ ရရှိခဲ့သော အားကစားသမားများအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များ ရရှိခဲ့သော အားကစားသမားများအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

တရုတ်နိုင်ငံ၌ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြသော အားကစားသမားများအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အကူအညီပေးသည့် အားကစားနည်းပညာစီမံကိန်းတွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မှု ခံယူခဲ့ကြသည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ ၆ ဖွဲ့မှ အားကစားသမား ၇၉ ဦးသည် ဝူရှူး၊ ကယက်လှေလှော်၊ ကနူးလှေလှော်၊ ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့ စသည့်အားကစားနည်းများတွင် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်မှုပြုလုပ်ခဲ့ကြသော အားကစားသမား ၃ ဦးသည်လည်း ဝူရှူးအတိုက် အားကစားနည်းတွင် ကြေးတံဆိပ်ဆု ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာအားကစားအဖွဲ့သည် တရုတ်နိုင်ငံ၌ လေ့ကျင့်မှု ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြောင်း၊ ထို့နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် အခက်အခဲများကို ကျော်လွှား၍ နည်းပြများဖြင့် အဝေးမှနည်းပြပေးပြီး မြန်မာအားကစားသမားများကို ပြိုင်ပွဲအကြို လေ့ကျင့်ပေးကာ အားကစားသမားများ၏ တရုတ်နိုင်ငံ၌လေ့ကျင့်ခဲ့သည့် ရလဒ်များကို အားကောင်းစေရန် ကူညီပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်ခြင်းသည် ယခုအကြိမ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစားသမားများ ထူးချွန်သော ရလဒ်ကောင်းများ ဆွတ်ခူးနိုင်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.