Connect with us

Economy

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဗီဒီယိုညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဗီဒီယိုညှိနှိုင်းဆွေးနွေးပွဲကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဗီဒီယိုညှိနှိုင်းဆွေးနွေးပွဲအား ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တို့အား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက် ဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှုနှင့် နယ်စပ်ဂိတ်များဖွင့်လှစ်မှု စသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်-မြန်မာ ကပ်ရောဂါအခက်အခဲကိုကျော်ဖြတ်၍ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး “ပိတ်ဆို့မှု” ၊ “အခက်အခဲ” ၊ “ပြဿနာ” များအတွက် အတူတကွဖြေရှင်းရေးနည်းလမ်းများရှာဖွေခဲ့ပြီး နောက်တစ်ဆင့်လုပ်ငန်းလားရာကို အတည်ပြုကာ တရုတ်-မြန်မာ “နှစ်နိုင်ငံလေးဘက်” ယန္တရားအား တစ်ဆင့်တိုး၍ ကောင်းမွန်စွာအသုံးပြုခြင်း၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှုမြှင့်တင်ရေးအတွက် သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဆွေးနွေးခဲ့ပြီး ကပ်ရောဂါ နယ်စပ်ဖြတ်ကျော်ကူးစက်မှုအား တင်းကျပ်စွာကာကွယ်၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် အာမခံမှုပေးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ကူးလူးဖလှယ်ပွဲအား ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြည်ပရေးရာဌာန ဌာနမှူး Ms. Yang Mu မှ ကြီးမှူးကျင်းပခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Chen Chen ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဌာနမှူး Mr. Li Chenyang ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.