Sino-Myanmar
၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ရန်ကုန်မြို့၌ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲအား ဇန်နဝါရီ ၈ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်လျက် ရှိရာ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်(ဆင်ဟွာ)
မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအိုက်ထွန်းက တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ခြင်း အစီအစဉ်တစ်ခု အနေဖြင့် ပြိုင်ပွဲတွင် နောက်ဆုံး အနိုင်ရရှိသည့် ချန်ပီယံအသင်း နှင့် သက်လတ်ပိုင်း ၄၅ နှစ်နှင့် အထက် အားကစားသမားများအဖွဲ့တို့မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဖွဲ့စည်းထားသော ဘတ်စကက်ဘောကစားသမားများ အဖွဲ့ နှင့် ချစ်ကြည်ရေး ပွဲစဉ်များကိုလည်း ကစားသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်(ဆင်ဟွာ)
၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲအား မြန်မာနိုင်ငံ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ၏ ဦးဆောင်မှု ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် နှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က COVID-19 ကပ်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်လာနိုင်သည့် အခြေအနေအောက်တွင် ယခု ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပခြင်းမှ တစ်ဆင့် တရုတ်နွယ်ဖွားများ၏ နှစ်သစ်ကူးယဉ်ကျေးမှုဘဝကို ကြွယ်ဝစေပြီး စည်းလုံးညီညွတ်သည့် နှစ်သစ်ကူး ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်ပါကြောင်း ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များကလည်း ဘတ်စကက်ဘော ကစားခြင်းမှတစ်ဆင့် ချစ်ကြည်ရေးတိုးမြှင့်ရန် ပလက်ဖောင်းကိုလည်း ထူထောင်ပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။
သံအမတ်ကြီးက အားကစားလုပ်ငန်း ၊ ယဉ်ကျေးမှုလုပ်ငန်းအပါအဝင် နယ်ပယ်အသီးသီးမှ ထိတွေ့ဆက်ဆံမှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးချင်ပါကြောင်း ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်က နှစ်နိုင်ငံ ပြည်သူပြည်သားများ အထူးသဖြင့် မြန်မာပြည်သူပြည်သားများကို အကျိုးဖြစ်ထွန်းစေရေး ဆန္ဒရှိကြောင်း အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အားကစားနည်းတစ်ခု တိုးတက်ပြန့်ပွားရေး နှင့် အောင်မြင်မှု ရရှိရေးအတွက် ယခုလို အားကစားကို စိတ်ပါဝင်စားစွာဖြင့် မြေတောင်မြှောက်ပေးသော မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်အားလည်း ကျေးဇူးတင်ရှိပါကြောင်း ၊ ဆက်လက်၍ နှစ်စဉ်ပံ့ပိုးကျင်းပပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးရန် ပြောကြားလိုပါကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကလပ်အသင်း ၃၀ ကျော် နှင့် ပြိုင်ပွဲဝင်ကစားသမား ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ (Xinhua)