Politics
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စက်တင်ဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် နှင့်တကွ မြန်မာနိုင်ငံ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်၊ ခင်မင်ရင်းနှီးသော နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံအသီးသီးမှ သံတမန်များ၊ တရုတ်နွယ်ဖွားများ၊ တရုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စသဖြင့် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အခမ်းအနားကို နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သံရုံးယာယီတာဝန်ခံ Ms. Cao Jing က မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စည်ကားသိုက်မြိုက်ပြီး ချစ်ကြည်ရင်းနှီးသည့် အငွေ့အသက်များဖြင့် ပြည့်နှက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန် တို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြပြီး အဖျော်ယမကာများဖြင့် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
နယ်ပယ်အသီးသီးမှ ဧည့်သည်တော်များသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများနှင့် တရုတ်-မြန်မာကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းများကို ချီးကျူးကြပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာ ဗီဒီယိုများကို ပြသခဲ့ပြီး သံရုံးမှ ထုတ်ဝေသော “ယနေ့တရုတ်ပြည်” မဂ္ဂဇင်းနှင့် ချစ်ကြည်ရေးမဂ္ဂဇင်း “ဆွေမျိုးပေါက်ဖော်” အမျိုးသားနေ့အထူးထုတ်၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု၊ ရှုခင်း၊ ရိုးရာဓလေ့ စသည့်အကြောင်းအရာများပါဝင်သော စီဒီခွေများနှင့် စာအုပ်များကို ဧည့်သည်တော်များထံ လက်ဆောင်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြချက်အရ သိရသည်။ (Xinhua)