Connect with us

Economy

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ၂၀၂၁ အစီအစဉ်ဖြင့် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများပေးခဲ့ခြင်းက မြန်မာနိုင်ငံအတွက်များစွာအကျိုးရှိ

ရန်ကုန်မြို့၊ LOTTE ဟိုတယ်၌ မဲခေါင်-လန်ချန်း ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ၂၀၂၁ အစီအစဉ်ဖြင့် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအတွက်များစွာအကျိုးရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ဥက္ကဋ္ဌ ဦးမြင့်စိုးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဦးမြင့်စိုးက “အဓိက အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့က နံပါတ်(၁)၊ ရလာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို skill ကျွမ်းကျင်ဖို့က နံပါတ်(၂)၊ နံပါတ်(၂)ဖြစ်တဲ့ ကျွမ်းကျင်မှု skill မရှိရင် ကုန်ထုတ်စွမ်းအားက မတက်ဘူး။ ကုန်ထုတ်စွမ်းအားမတက်ရင် ကုန်ထုတ်လုပ်စရိတ်ကကြီးမားမယ်။ အဲဒါဆို ယှဉ်ပြိုင်မှုစွမ်းရည်ကျမယ်။ အဲဒါကြောင့် မဲခေါင်-လန်ချန်း ရန်ပုံငွေကနေ မြန်မာနိုင်ငံကို အကူအညီပေးနေတာက မြန်မာနိုင်ငံအတွက် အရမ်းအကျိုးရှိလို့ အကူအညီတွေ ဆက်ပေးဖို့နဲ့ တရုတ်နိုင်ငံ ပညာရှင်တွေလွှတ်ပြီး ပူးပေါင်းပြီးသင်ပေးဖို့၊ လုပ်သားတွေစွမ်းရည်မြှင့်တင်ပေးရင် အခုထက်ပိုမိုတိုးတက်နိုင်ပါတယ်” ဟုပြောသည်။

ရန်ကုန်မြို့၊ LOTTE ဟိုတယ်၌ မဲခေါင်-လန်ချန်း ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း)

ရန်ကုန်မြို့၊ LOTTE ဟိုတယ်၌ မဲခေါင်-လန်ချန်း ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း)

ရန်ကုန်မြို့၊ LOTTE ဟိုတယ်၌ မဲခေါင်-လန်ချန်း ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း)

ရန်ကုန်မြို့၊ LOTTE ဟိုတယ်၌ မဲခေါင်-လန်ချန်း ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Mekong – Lancang Cooperation :Project on Promotion of the Value of the National Skills Recognition Certificate through Skills Development System ခေါင်းစဉ်ဖြင့် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် အကျုံးဝင်သည့်
အထည်ချုပ်လုပ်ငန်းအတွက်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၅)ရက်တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့သည်။

မဲခေါင်ဒေသတွင် ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများပါဝင်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်တွင် လုပ်ငန်းကဏ္ဍကြီး (၄)ခုဖြစ်သော ဆောက်လုပ်ရေးကဏ္ဍ၊ ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ၊ သတ္တုနှင့် အင်ဂျင်နီယာကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ ဆိုပြီး ကဏ္ဍကြီး (၄)ခု ရှိသည့်အနက် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ LOTTEE ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong ၊ ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “ စံ” သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ ၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးတို့က တက်ရောက်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဒေါ်မြမြသက်က ရှင်းလင်းဆွေနွေးခဲ့ကြကြောင်း သိရသည်။

ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ သားရေအိတ်လုပ်ငန်း၊ ယွန်းယက်ကန်းလုပ်ငန်းနှင့် အထည်အလိပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် နို့နှင့်နို့ထွက်ပစ္စည်း၊ ကြွေထည်မြေထည်လုပ်ငန်းနှင့် အခြားထုတ်လုပ်မှုများပါဝင်ကြောင်း သိရသည်။

မဲခေါင်-လန်ချန်း စီမံကိန်းမှာ “Skill Development Program” ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျွမ်းကျင်မှုလက်မှတ်ထုတ်ပေးရေးနှင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်၏ တန်ဖိုးကို မြှင့်တင်ပေးသော စီမံကိန်းဖြစ်ကြောင်း သိရသည်။

ဦးမြင့်စိုးက “မဲခေါင်-လန်ချန်းကူညီမှုတွေကိုဆက်ပေးစေချင်ပါတယ်။ စွမ်းရည်မြှင့်တင်တဲ့အတွက် အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတည်မြဲဖို့နဲ့ လုပ်ငန်းရှင်တွေအတွက်က စီးပွားရေးအတွက် အဆင်ပြေပါတယ်” ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.