Connect with us

Sino-Myanmar

နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲ မန္တလေးမြို့၌ ကျင်းပ

မန္တလေး ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် “လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲ (မြန်မာနိုင်ငံခရီးစဉ်) အား စက်တင်ဘာ ၃၀ ရက်တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် “လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲ (မြန်မာနိုင်ငံခရီးစဉ်) အား စက်တင်ဘာ ၃၀ ရက်တွင် မန္တလေးမြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

၂၀၂၃ ခုနှစ် “လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲ (မြန်မာနိုင်ငံခရီးစဉ်) အား စက်တင်ဘာ ၃၀ ရက်တွင် မန္တလေးမြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

အဆိုပါဖျော်ဖြေတင်ဆက်ပွဲအား ယူနန်ပြည်နယ် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးရုံးနှင့် ယူနန်ပြည်နယ် ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်းတို့က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယူနန်ပြည်နယ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး Mrs.Zeng Yan က ယခုနှစ်သည် တရုတ်နိုင်ငံ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ “Belt and Road” စီမံကိန်း ၁၀ နှစ်ပြည့်ဖြစ်ကြောင်း ၊ တရုတ်နှင့်မြန်မာတို့သည် “Belt and Road”ကို အတူတည်ဆောက်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ သာယာဝပြောရေးအတွက် အတူတွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူအသိုက်အဝန်း ပိုမိုနီးကပ်လာကြောင်း ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထား ၊ လူသားချင်း ရင်းနှီးမှုနှင့် ယဉ်ကျေးမှုအရ နီးကပ်ကြောင်း ၊ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်နှင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှု လမ်းညွှန်မှုအောက်တွင် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က အတိုင်းထက်အလွန် အလေးထားကာ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးကို မြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံးရှိ အလွှာအသီးသီးမှ ပြည်သူများ၏ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှု မပါဘဲ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို မရနိုင်ကြောင်း ၊ ယင်းကိစ္စတွင် တရုတ်လူမျိုးနှင့် ပင်လယ်ရပ်ခြားရောက် တရုတ်အမျိုးသားတို့သည် အရေးကြီးသော အင်အားစုဖြစ်ကြောင်း ၊ ယခုပွဲကို အခွင့်အရေးတစ်ရပ်အနေဖြင့် မျှော်လင့်ပြီး မြန်မာနိုင်ငံရှိ ပင်လယ်ရပ်ခြားရောက် တရုတ် အမျိုးသားသွေးချင်းသားချင်းများနှင့် နီးကပ်သော ဆက်ဆံရေး တည်ဆောက်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်မည် ဖြစ်ကြောင်း ၊ မိတ်ဆွေများအားလုံး ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားတက်သရော မြှင့်တင်ကြမည်ဟု လေးနက်စွာ မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မန္တလေးကောင်စစ်ဝန်ရုံး (ဒုတိယ) ကောင်စစ်ဝန် Mr.Zhang Wei ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမူရေးရာဝန်ကြီး ဦးအောင်မင်း နှင့် မန္တလေးကြင်းတော်ယန် ပရဟိယအသင်း ဥက္ကဋ္ဌတို့က အမှာစကားနှင့် နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။

နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲတွင် တရုတ်-မြန်မာ အနုပညာရှင်များက “တိမ်ပေါ်တက်လှမ်းခြင်း” အဆိုအက ၊ တရုတ်ရိုးရာ တူရိယာအဖွဲ့၏ တရုတ်ရှေးခေတ်ကြိုးတပ်စောင်းဖျော်ဖြေမှု ၊ ဂျိမ်းဖော ဝလူမျိုးစုတို့၏ “ကုန်းပြင်မြင့်ပေါ်ရှိ ညီအစ်မများ” အက ၊ အကအဖွဲ့အားလုံးမှ ဖျော်ဖြေ တင်ဆက်သော ယူနန် တိုင်လူမျိုးစု ဂန္ထဝင်အက “တိုင် မိန်းမပျိုလေးများ” စသဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် “လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲ (မြန်မာနိုင်ငံခရီးစဉ်) အား ရန်ကုန်မြို့ ၊ ရခိုင်ပြည်နယ်နှင့် မန္တလေးမြို့တို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.