Economy
တရုတ်နိုင်ငံ ICBC ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ The Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် (Cross-border Interbank Payment System -CIPS) တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ICBC ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ICBC ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ ICBC ရန်ကုန်ဘဏ်ခွဲ၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက “ ဒီနေ့ကျင်းပတဲ့ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်နဲ့ စာရင်းရှင်းလင်းမှုစနစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ငွေပေးချေမှု နည်းလမ်းတစ်ခု တိုးတက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ICBC ရန်ကုန်ဘဏ်ခွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံး CIPS System ရဲ့ တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ CBM NET System ကို ချိတ်ဆက်တဲ့အတွက် ပြည်တွင်းဘဏ်တွေအနေနဲ့ CIPS System နဲ့ ဆက်သွယ်ပြီး နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ် လုပ်ငန်းစဉ်မှာ Indirect Participant များအနေနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟုပြောကြားသည်။
ထိုသို့ နိုင်ငံတကာငွေပေးချေမှုများ ဆောင်ရွက်ရာတွင် SWIFT အပြင် အခြားသော ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ပိုမိုလွယ်ကူမြန်ဆန်ချောမွေ့စေမည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဒေါ်သန်းသန်းဆွေ ပြောကြားချက်အရ သိရသည်။
“နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးစီးဆင်းမှုများလည်း တဖြည်းဖြည်း ဖွံ့ဖြိုးဖွွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်ဒေါ်လာအပေါ် မှီခိုမှု သိသိသာသာ လျှော့ချလာနိုင်မှာဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးရဲ့ ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းများအတွက် ဒေသတွင်းငွေကြေး အသုံးပြုပေးချေမှု လုပ်ငန်းစဉ် ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်သန်းသန်းဆွေက အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်က “ ICBC ရန်ကုန်ဘဏ်ခွဲ အနေနဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်ယွမ်ငွေကို အသုံးပြုပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ စာရင်းရှင်းလင်းခြင်းလုပ်ငန်း ပိုမိုတိုးတက်လာအောင် ဆောင်ရွက်တာနဲ့ပတ်သက်ပြီး အထူးအသိအမှတ်ပြုပါတယ်။ ICBC ရန်ကုန်ဘဏ်ခွဲအနေနဲ့ဆက်လက်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလုပ်ငန်း အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အသစ်အသစ်သော ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် ICBC (ရုံးချုပ်) မှ Ms. Liu Rui က ရန်ကုန်ဘဏ်ခွဲ၏ တိုက်ရိုက် တရုတ်ယွမ်ငွေ နယ်စပ်ဖြတ်ကျော် စာရင်းပေးချေခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ခြင်းအား အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။
“ICBC ရန်ကုန်ဘဏ်ခွဲအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများကို နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ်တို့ကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အားပေးကူညီသွားမှာပါ” ဟု Liu Rui က ပြောကြားသည်။
ICBC ရန်ကုန်ဘဏ်ခွဲသည် မြန်မာနိုင်ငံတွင် ဘက်စုံ တရုတ်ယွမ်ငွေကြေး ဝန်ဆောင်မှုပေးသော ပထမဆုံးနိုင်ငံခြားစီးပွားရေးဘဏ်ဖြစ်ပြီး တရုတ်နှင့် မြန်မာ လုပ်ငန်းရှင်များအတွက် ယွမ်ငွေအကောင့်ဖွင့်ခြင်း၊ အပ်ငွေလက်ခံခြင်း၊ ကုန်သွယ်မှုလုပ်ငန်းငွေပေးချေခြင်း၊ ငွေကြေးလုပ်ငန်း၊ နိုင်ငံခြားငွေလဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ သံရုံးမှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းစာဆရာများအပါအဝင် လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)