Connect with us

Politics

တရုတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား အောင်မြင်စွာချိတ်ဆက်

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
China Civil Engineering Construction Corporation Myanmar Limited မှ တာဝန်ယူတည်ဆောက်သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ပင်မတံတား စီမံကိန်းသည် အောက်တိုဘာ ၁၀ ရက်တွင် ချိတ်ဆက်ပြီးစီးခဲ့သည်။ အဆိုပါ တံတားဆက်ခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒလတံတား၏ နောက်ဆုံးကွန်ကရစ်အပိုင်းအား သွန်းလောင်းခဲ့ရာ ဒလတံတားကြီး၏ ပင်မတံတားဖွဲ့စည်းပုံ ချိတ်ဆက်ပြီးစီးခဲ့သည်။ အဆိုပါတံတားကို ယခုနှစ် နှစ်ကုန်ပိုင်း၌ လွှဲပြောင်းပေးအပ်နိုင်မည်ဟု မျှော်မှန်းထားသည်။
ဒလတံတားကြီး၏ တံတားခန်းဖွင့်ဖွဲ့စည်းပုံမှာ ပင်မတံတား ၃၇၀ မီတာနှင့် ချဉ်းကပ်တံတား ၁၆၀ မီတာဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံပြည်တွင်း၌ တံတားခန်းဖွင့်အကြီးဆုံး၊ ရေလမ်းကင်းလွတ်အမြင့် အမြင့်ဆုံး၊ တာဝါတိုင်အမြင့်ဆုံးနှင် ဘိုးပိုင်အုတ်မြစ်အနက်ဆုံးဖြစ်သည့် ရေလယ်တာဝါတိုင်နှစ်ခု နှစ်ဖက်ကြိုးဆိုင်းထားသည့် ကြိုးဆိုင်းတံတားဖြစ်သလို China Civil Engineering Construction Corporation က မြန်မာနိုင်ငံတွင် သန်လျင်တံတားပြီးနောက် တာဝန်ယူတည်ဆောက်သည့် ဒုတိယမြောက် အထူးတံတားကြီးလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.