Sino-Myanmar
မြန်မာနိုင်ငံ ငလျင်ဒဏ် သင့်ဒေသများအတွက် တရုတ်အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (CNPC) မှ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်ကပ်ဘေး ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ပံ့ပိုးကူညီရန်အတွက် တရုတ်အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (CNPC) သည် ဧပြီလ ၈ ရက်တွင် CNPC ၏ မြန်မာနိုင်ငံရှိ ပိုက်လိုင်းကုမ္ပဏီမှတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းမှုဖြင့် မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုနေ့တွင်ပင် CNPC ၏ မြန်မာနိုင်ငံရှိ ပိုက်လိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်များသည် နေပြည်တော်နှင့် မန္တလေးရှိ ဘေးသင့်ဒေသများသို့ သွားရောက်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ပြီး ဘေးသင့်ပြည်သူများ၏ လက်ရှိနေထိုင်မှုအခြေအနေ၊ နေ့စဉ်သုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၏ အရေးတကြီးလိုအပ်ချက်များကို လေ့လာသုံးသပ်ခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ရည်ရွယ်ကာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စသည်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)