Connect with us

Economy

တရုတ်ကုမ္ပဏီမှ ပါဝင်တည်ဆောက်သည့် ဒလတံတားကြီး တရားဝင်စတင်ဖွင့်လှစ်

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တံတားဖွင့်ပွဲ မဟာမင်္ဂလာအခမ်းအနားအား ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

China Civil Engineering Construction Corporation Myanmar Limited မှ တာဝန်ယူတည်ဆောက်သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးအား တည်ဆောက်ပြီးစီး၍ ဖေဖော်ဝါရီ ၆ ရက်တွင် တရားဝင်လွှဲပြောင်းပေးအပ်ကာ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တံတားဖွင့်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အစိုးရကိုယ်စားလှယ်၊ စီမံကိန်း ပါဝင်တည်ဆောက်သူများနှင့် China Civil Engineering Construction Corporation Myanmar Limited စသည်တို့မှ ကိုယ်စားလှယ်များလည်း အတူတကွ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာဘက်ကိုယ်စားလှယ်များက တံတားကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ရာ ဒလတံတားကြီး စတင်ဖွင့်လှစ်၍ လွှဲပြောင်းအသုံးပြုပြီဖြစ်ကြောင်း အမှတ်သင်္ကေတပြုလျက်ရှိသည်။
ဒလတံတားကြီးသည် စုစုပေါင်းအရှည် ၁,၈၆၇ မီတာရှိပြီး တံတားခန်းဖွင့်ဖွဲ့စည်းပုံမှာ ပင်မတံတား ၃၇၀ မီတာနှင့် ချဉ်းကပ်တံတား ၁၆၀ မီတာဖြစ်သည်။ ပင်မတာဝါအမြင့်မှာ ၁၃၉.၀၈ မီတာဖြစ်ပြီး ရေလယ်တာဝါတိုင်နှစ်ခု နှစ်ဖက်ကြိုးဆိုင်းထားသည့် ကြိုးဆိုင်းတံတားဖြစ်သည်။ ၎င်းသည် လက်ရှိ မြန်မာနိုင်ငံ၌ ပမာဏအကြီးဆုံး၊ နည်းပညာအဆင့်မြင့်ဆုံး မြစ်ဖြတ်ကျော် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦ စီမံကိန်း ဖြစ်သလို China Civil Engineering Construction Corporation Myanmar Limited က မြန်မာနိုင်ငံတွင် သန်လျင်တံတားပြီးနောက် ပါဝင်တာဝန်ယူတည်ဆောက်သည့် ဒုတိယမြောက် အထူးတံတားကြီးလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.