Connect with us

Politics

တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး အရေးကြီးကြောင်း သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်တို့ နေပြည်တော်တွင် ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။

သမ္မတ ရှီက ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၇၀ ပြည့် အခါသမယတွင် ၎င်းအနေဖြင့် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း၊ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး၏ ကြီးမားသော အရေးပါမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး အရေးပါမှုအကြောင်းကို မီးမောင်းထိုးပြခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီက ဤခရီးစဉ်တွင် အောက်ပါသတင်းစကားသုံးခုကို ပေးပို့နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ပထမအချက်မှာ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့် နိုင်ငံ၏ ကိုယ်ပိုင်အနေအထားများနှင့် ကိုက်ညီမှုရှိသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ လျှောက်လှမ်းနေပါကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်တို့ နေပြည်တော်တွင် ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးသည် နှစ်နိုင်ငံ ဆက်ဆံရေးကို တွန်းအားသစ်နှင့် တက်ကြွမှုအသစ် ဖြည့်တင်းပေးမည့် တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ခိုင်မာသောအုတ်မြစ်နှင့် တူးတွဲအားထုတ်မှုများကို အကျိုးခံစားရလျက်ရှိကြောင် သမ္မတ ရှီက ဖော်ပြခဲ့သည်။

တတိယအချက်မှာမူ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ခြင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ ဖော်ဆောင်မှု (BRI) ချိန်ညှိရေးနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု  မဟာဗျူဟာများ အရှိန်မြှင့်တင်ခြင်းများအားဖြင့် နှစ်နိုင်ငံပြည်သူများထံ အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးသွားရန် ဖြစ်သည်ဟု ဆိုသည်။တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ လက်တွဲကာ အစဉ်အလာရှိထားသော “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး ရှေ့ဆက်ရေးလုပ်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတစ်ခု ရေးဆွဲရန်၊ တရုတ်-မြန်မာဆက်ဆံရေးအတွက် ခေတ်သစ်တစ်ခု ဖွင့်လှစ်ရန် မျှော်လင့်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၇၀အတွင်း ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများရရှိခဲ့ပြီး တရုတ်ပြည်သူများက အောင်မြင်စွာရွေးချယ်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို “ကျွန်ုပ်တို့အနေနဲ့ မသွေမဖည် ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့အနာဂတ်ကို ကျွန်တော်တို့ ယုံကြည်မှု အပြည့်အဝရှိပါတယ်” ဟု သမ္မတ ရှီက ပြောခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်တို့ နေပြည်တော်တွင် ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုရှိရန် ကတိပြုပါကြောင်းနှင့် ကြီးစိုးမှုဆိုင်ရာကို မည်သည့်အခါမျှ ရှာဖွေမည်မဟုတ်ကြောင်း၊ ကံကြမ္မာအကျိုးတူ လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် အဆိုပြုထားကြောင်း၊ နိုင်ငံအားလုံးက လိုက်လျောညီထွေမှုရှိစွာ နေထိုင်နိုင်ရန်နှင့် အပြန်အလှန်အကျိုးကျေးဇူးရှိပြီး နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိသော ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် မျှော်လင့်ကြောင်း ရှီကဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်မူဘောင်အတွင်းတရုတ်-မြန်မာ စီးပွားရေးစင်္ကြံရှိ အရေးပါသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ တည်ဆောက်မှုအား တည်ငြိမ်စွာ အဆင့်မြှင့်တင်ရန်ဆန္ဒရှိကြောင်း၊ ဒေသခံပြည်သူများအား အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးသွားရန်နှင့် စိတ်ချမ်းမြေ့မှုနှင့် ပျော်ရွှင်မှုများ ပေးစွမ်းနိုင်ရန် လုပ်ဆောင်သွားမည်ဟု ရှီက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများ၊ နိုင်ငံတကာစင်မြင့်တွင် နိုင်ငံ၏ဂုဏ်သိက္ခာ စသည်တို့အား ကာကွယ်စောင့်ထိန်းရေးတွင် ဆက်လက်၍ အခိုင်အမာ ထောက်ခံသွားမည်ဟု ဖြည့်စွက်ပြောခဲ့သည်။ထို့နောက် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်က မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား နွေးထွေးစွာကြိုဆိုကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် သမိုင်းဝင်နှင့် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အခြားပြည်နယ်များနှင့် ဆက်စပ်သောကိစ္စရေးရာများ၌ တရုတ်နိုင်ငံ၏ နားလည်မှဒနှင့် ထောက်ခံမှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကိုလည်း ကျေးဇူးတင်ရှိကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောခဲ့သည်။မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါကို အခိုင်အမာစောင့်ထိန်းကြောင်း၊ ဟောင်ကောင်နှင့် မကာအိုတွင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” စည်းမျဉ်းကို လေးစားကြောင်းနှင့် ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ ထာဝရပိုင်နက် အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို အမြဲတစေမှတ်သားထားပါကြောင်း သမ္မတ ဦးဝင်းမြင့်က ဆိုသည်။မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နက်ရှိုင်းမှု၊ နှစ်နိုင်ငံဆက်ဆံမှုများက ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ရမည်ဟု ယုံကြည်ကြောင်း ဦးဝင်းမြင့်က ပြောကြားခဲ့သည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၇ ရက်က ရောက်ရှိလာခဲ့သည်။ ၁၉ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ သမ္မတ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်ခြင်းလည်းဖြစ်သည်။ (Xinhua)