Connect with us

Politics

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်သမ္မတရှီကျင့်ဖိန်၏ ချစ်ကြည်ရင်းနှီးသည့် နှုတ်ခွန်းဆက်အမှာစကားကို သမ္မတဦးဝင်းမြင့်ထံ တစ်ဆင့်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ယခုကဲ့သို့ လာရောက်လည်ပတ်ခြင်းသည် မြန်မာနိုင်ငံ၏ အစိုးရသစ် အဆင်ပြေချောမွေ့စွာ ဖွဲ့စည်းပြီး မိမိသဘောဆန္ဒအလျောက် ရွေးချယ်သည့်ဖွံ့ဖြိုးရေးလမ်းစဉ်အတိုင်း မြန်မာနိုင်ငံပြည်သူပြည်သားများ၏ ရေရှည်အကျိုးစီးပွားကို အခြေပြုသော နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့်ရေရှည်တည်ငြိမ်အေးချမ်းရေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို မျှော်လင့်သလို အားပေးထောက်ခံသည့် ဖော်ပြမှုဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် သမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ သမိုင်းဝင် နိုင်ငံတော်အလည်အပတ်ခရီးစဉ်လာရောက်ခဲ့ရာတွင် အေးတူပူအမျှရှိကြသည့် ကံတူအကျိုးပေးအသိုက်အဝန်းကို အတူတကွတည်ဆောက်သွားရန် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ကြောင်း၊ တစ်နှစ်ကြာကာလ နီးကပ်သည့်ညှိနှိုင်းဆွေးနွေးမှုများဖြင့် ကံတူအကျိုးပေးအသိုက်အဝန်းတည်ဆောက်မည့် “ဆောင်ရွက်မှုအစီအစဉ်”များသည် မူအရ သဘောတူညီမှုများ ရရှိပြီဖြစ်ခြင်းကြောင့် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ အမြဲခိုင်မာစွာ ရပ်တည်ကာ ကပ်ရောဂါဘေးကို အတူတကွ အနိုင်တိုက်ဖျက်သွားမည်ဖြစ်သလို စီးပွားရေးပြန်လည်နိုးထရေးအတွက် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အေးတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေးကို အားပေးရန်အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ်ကူညီပံ့ပိုးဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားကြောင်း ၊တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံနှင့်အတူ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ကပ်ရောဂါအတွေ့အကြုံများကြောင့် တစ်ဆင့်နက်ရှိုင်းလာမည်ဟု ယုံကြည်သလို နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် တစ်ဆင့်တိုးလာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရသစ်၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း နှင့် စက်မှုလုပ်ငန်းထွန်းကားရေး အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းများကို ထောက်ခံအားပေးကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေး သဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်၍ စင်္ကြံ၏ အနောက်၊ မြောက်၊ အရှေ့ မဏ္ဍိုင်သုံးခု အမှီပြုခြင်း နှင့် အပြန်အလှန် ဆက်သွယ်ချိတ်ဆက်မှုများကို နှစ်ဖက်အတူ တွန်းအားပေး ကြိုးပမ်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်အထိဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူအပြန်အလှန်ကူးလူးဖလှယ်ရေးကို တိုးမြင့်အောင်ဆောင်ရွက်ခြင်း နှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တစ်ဆင့်တိုးခိုင်မာအောင် ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အစိုးရ၏ ပင်လုံစိတ်ဓါတ်ကို လက်ကိုင်ထားသည့် ပြည်တွင်းအမျိုးသားရင်ကြားစေ့ရေး အားထုတ်မှုများကို ထောက်ခံအားပေးသလို တတ်နိုင်သမျှ ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် တရားမျှတမှုကိုလက်ကိုင်ထား၍ မြန်မာနိုင်ငံ၏တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသည် တရုတ်-အာဆီယံ ဆက်ဆံရေး ညှိနှိုင်းနိုင်ငံ၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌနိုင်ငံနှင့် တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် ညှိနှိုင်းဆောင်ရွက်မှု တွဲဖက်ဥက္ကဋ္ဌနိုင်ငံဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ကာ တရုတ်-အာဆီယံဆက်ဆံရေး အဆင့်မြှင့်တင်ခြင်း၊ လန်ချန်း-မဲခေါင် စီးပွားရေးဇုန် တည်ဆောက်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP)ကို လျင်မြန်စွာအသက်ဝင်အောင် တွန်းအားပေးဆောင်ရွက်ခြင်းများဖြင့် ဒေသတွင်း နိုင်ငံအသီးသီးပြည်သူများ၏အကျိုးစီးပွားကို ဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကလည်း ဝမ်ရိမှတစ်ဆင့် သမ္မတ ရှီကျင့်ဖိန်အား နှုတ်ခွန်းဆက် ဆုမွန်ကောင်းစကားပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီ အစိုးရသစ် စတင်ဖွဲ့စည်းစဉ် ကနဦးကာလတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြောင်း ၊ ကပ်ရောဂါပြန့်ပွားနေသည့် ယခုအခါတွင်လည်း ဦးဆုံး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြစ်ရာ တရုတ်နိုင်ငံက မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို လွန်စွာအလေးထားသည်ကို ပြသခြင်းဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးပိုမိုခိုင်မာအောင် တစ်ဆင့်တိုးဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအတူ အေးတူပူအမျှအသိုက်အဝန်း တည်ဆောက်သွားကာ နှစ်နိုင်ငံအတူ ဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရနှင့် လူမှုရေးနယ်ပယ်အသီးသီးက မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အဖိုးတန်သည့်အားပေးထောက်ခံမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်များကို တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားလိုကြောင်း ၊ မြန်မာ-တရုတ် ယဉ်ကျေးမှုခရီးသွားနှစ်လှုပ်ရှားမှုများကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ကာ နှစ်နိုင်ငံကူးလူးဖလှယ်ရေးကို တစ်ဆင့်တိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များတွင် ကူညီထောက်ခံအားပေးခြင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအတွက် မှန်ကန်မျှတစွာ ပြောဆိုပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားမည်ဖြစ်ပြီး ထိုင်ဝမ်၊တိဗက်၊ ရှင်းကျန်းအရေးကိစ္စများတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၊ တရုတ်-အာဆီယံဆက်ဆံရေးနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံက အပြုသဘောဆောင်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ တို့ကို တွေ့ဆုံခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#Myanmar, #China, #President, #FM, #Xinhua, #မြန်မာ, #တရုတ်, #သမ္မတဦးဝင်းမြင့်, #ဝမ်ရိ, #ဆင်ဟွာ

…………………………………………
(Chinese Version)
(国际)缅甸总统温敏会见王毅

  新华社内比都1月11日电(记者车宏亮 张东强)当地时间2021年1月11日,缅甸总统温敏在内比都会见到访的国务委员兼外长王毅。

王毅向温敏转达习近平主席的亲切问候。王毅表示,作为缅甸大选后第一位访缅的外长,此访旨在体现中方期待并支持缅新政府顺利成立,沿着自主选择的发展道路,从缅人民长远利益出发,实现国家振兴和长治久安。

 去年,习近平主席对缅甸进行了历史性国事访问,双方同意构建同甘共苦的中缅命运共同体。一年来,通过密切协商,双方就构建命运共同体“行动计划”达成了原则一致,可喜可贺。中方将始终同缅方坚定站在一起,共同战胜疫情,共同推进经济复苏,共同建设中缅命运共同体。

 王毅说,中缅是山水相连的近邻,为支持缅方控制疫情,中方决定紧急向缅提供一批新冠疫苗援助,同时愿同缅方进一步开展疫苗合作。相信中缅“胞波”情谊经历疫情考验将得到进一步深化,中缅全面战略合作伙伴关系也将得到进一步发展。中方支持缅新政府振兴经济,改善民生,加快工业化进程。希双方共同努力,有效落实建设中缅经济走廊协议,促进走廊西、北、东三端支撑和互联互通。双方可将中缅文化旅游年活动延伸到2021年,增进两国民众交流互访,进一步夯实中缅“胞波”情谊。中方支持缅政府秉持“彬龙精神”,致力于国内民族和解,将继续给予力所能及的帮助,并在国际舞台上为缅主持公道正义,维护缅方正当权益。

  王毅表示,缅方今年将出任中国-东盟关系协调国,并担任澜湄合作共同主席国和“南海行为准则”磋商双主席国。中方愿同缅方加强协调合作,推动中国-东盟关系提质升级,加快建设澜湄经济带,推动《区域全面经济伙伴关系协定》尽快生效,造福地区各国人民。

温敏请王毅转达对习近平主席的诚挚问候和良好祝愿。温敏表示,中国外长在2016年缅民盟新政府成立之初即第一个访缅,此次又在疫情蔓延情况下率先到访,体现了中国对缅中关系的高度重视。缅方致力于同中方一道落实习近平主席访缅成果,进一步加强“胞波”情谊,共同建设缅中同甘共苦的命运共同体,实现两国的共同发展。

缅方衷心感谢中国政府和社会各界为缅方抗击疫情提供宝贵支持,希同中方开展疫苗合作。双方要协商办好缅中文化旅游年活动,进一步增进两国交流互访。

感谢中方为缅国内民族和解进程提供的支持和帮助,并在国际场合为缅方仗义执言。缅方坚定奉行一个中国原则,将继续支持中方在涉台、涉藏、涉疆问题上的立场。缅方愿为推进中国-东盟关系和澜湄合作发挥积极作用。
 访缅期间,王毅还同缅国务资政兼外长昂山素季举行会谈,会见缅国务资政府部部长觉丁瑞并将会见缅国防军总司令敏昂莱。(完)

新华社照片,内比都,2021年1月12日
(XHDW)缅甸总统温敏会见王毅
1月11日,缅甸总统温敏(右)在内比都会见到访的中国国务委员兼外长王毅。