Connect with us

Politics

သံတမန်ဆက်ဆံရေး ၆၅ နှစ်တိုင်ခဲ့သည့် တရုတ်-မြန်မာဆက်ဆံရေး ကိုးကန့်ကိစ္စကြောင့် နောက်ဆုတ်နိုင်ဖွယ်မရှိ

နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်း (ငြိမ်း) အား အင်တာဗျူး နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် ယခုနှစ်တွင် ၆၅ နှစ်ပြည့်ပြီဖြစ်ပြီး ကိုးကန့်ကိစ္စကြောင့် နှစ်နိုင်ငံဆက်ဆံရေး နောက်ဆုတ်နိုင်သည်ဆိုသည့် ကောလာဟာလသည် မှန်ကန်မှု မရှိကြောင်း အငြိမ်းစားနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ဆင်ဟွာသို့ပြောသည်။

ဦးခင်မောင်ဝင်းက “ အွန်လိုင်းမှာကတော့ အမျိုးမျိုးပြောနေကြတာပါပဲ။ တရုတ်ပြည်နဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ဆက်ဆံရေးတစ်ခု ဖြစ်ပါတယ်။ တခါတလေ နယ်စပ်မှာ ကိစ္စလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ချက်ကိုသာ အခြေခံပြီး ဖြေရှင်းမယ်ဆိုရင် ကြီးမားတဲ့ ကိစ္စ မဖြစ်ဘူး ဟုပြောသည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေါ်ပေါက်လာ ပြီးတဲ့အခါမှာ ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံသည် နယ်နိမိတ် သတ်မှတ်ရေးကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

“ နယ်နိမိတ် သတ်မှတ်ရေး ဆိုတာက မလွယ်ပါဘူး။ ဒါက အတော့်ကို နက်နဲပြီး သိမ်မွေ့တဲ့ လုပ်ငန်းပါ။ နှစ်နိုင်ငံ ခေါင်းဆောင်ကြီးတွေရဲ့ အမျှော်အမြင်ကြီးမှုကြောင့် ကျွန်တော်တို့ဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ခဲ့တယ်’’ ဟုပြောသည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် မိုင်အားဖြင့် ၁,၃၀၀၊ ကီလိုမီတာအားဖြင့် ဆိုရင်တော့ ၂,၀၀၀ ကျော် နယ်နိမိတ်ရှိသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် တရုတ်၊ အိန္ဒိယနှင့် မြန်မာ သုံးနိုင်ငံပေါင်းပြီး (၁၉၅၄) ခုနှစ်မှာ ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် အနှစ် ၆၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း ဆိုသည် ။

“ကျွန်တော့်ရဲ့ယူဆချက်ကတော့ ဒီနှစ်နိုင်ငံခေါင်းဆောင်များရဲ့ အမျှော်အမြင်ကြီးမှုရယ် နှစ်နိုင်ငံကြားမှာရှိတဲ့ ချစ်ကြည်ရေးကို အခြေခံပြီးတော့ ဆက်ဆံမယ် ၊ ဖြေရှင်းမယ်ဆိုရင် ပေါ်လာတဲ့ ဘယ်ကိစ္စလေးပဲဖြစ်ဖြစ် အောင်မြင်စွာ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယူဆတယ်’’ဟု ဦးခင်မောင်ဝင်းက ပြောသည်။

နှစ်နိုင်ငံ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး အရလည်း၊ နှစ်စဉ်တိုးတက်မှု ရှိသည်ကို တွေ့ရှိရပြီး တပ်မတော် နှစ်ရပ်ကြားတွင်လည်း အစဉ်အလာရှိသည့် ဆက်ဆံရေး ရှိကြောင်းဆိုသည်။

စီးပွားရေးအရ ကြည့်လျှင် တရုတ်ပြည်သည် မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံသည့် နိုင်ငံလည်းဖြစ် သလို မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံ လည်းဖြစ်သည်။ (Xinhua)