Connect with us

Politics

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တို့တွေ့ဆုံ

#တပ်မတော်ကာချုပ် #မင်းအောင်လှိုင် နှင့် #တရုတ်ဝန်ကြီး #ဆုန့်ထောင်း တွေ့ဆုံ #ဆင်ဟွာ

နေပြည်တော် ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းတို့မှ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီး အမှတ်တရ လက်ဆောင်များပေးအပ် ခဲ့ကြပါသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တွေ့ဆုံစဉ် (ဆင်ဟွာ)
မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ်လ ၁၀ ရက်နေ့ည ၇ နာရီ အချိန်ခန့်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး သြဂုတ်လ ၁၄ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် ပါတီ ခေါင်းဆောင်များကို တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.