Connect with us

Politics

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များ နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များ နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တွေ့ဆုံ နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦး ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း အပါအဝင် NLD ပါတီ ခေါင်းဆောင် များ သည် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် တွင် ရန်ကုန် မြို့ရှိ NLD ရုံးချုပ် တွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား လက်ခံ တွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှ ခေါင်းဆောင်များ နှင့် မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တို့သည် ပါတီ နှစ်ခု၏ ဆက်ဆံရေး နှင့် ပတ်သက် သည့် အကြောင်း အရာ များကို ဆွေးနွေး ခဲ့ကြသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တွေ့ဆုံ နေစဉ်(ဆင်ဟွာ)

ထို့နောက် တွင် ဧည့်သည်တော် ဝန်ကြီး သည် ရန်ကုန် တိုင်းဒေသကြီး အစိုးရရုံး သို့ နံနက် ၁၁ နာရီ တွင်သွားရောက် ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အခြား ဝန်ကြီး တို့မှ ကြိုဆို ခဲ့ကြသည်။ ထို့နောက် တွင် ဧည့်သည်တော် ဝန်ကြီး နှင့် ရန်ကုန် တိုင်း ဒေသကြီးအစိုးရ ဝန်ကြီး တို့တွေ့ဆုံ ဆွေးနွေးမှု များ ပြုလုပ် ခဲ့သည်။(Xinhua)