Politics
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက မြန်မာ့တပ်မတော်သည် အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မိမိ၏တာဝန်ဝတ္တရားအနေဖြင့် ဆောင်ရွက်ခြင်း၊ နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးရေးကို ရေရှည်ရှေးရှုခြင်း၊ တရုတ်-မြန်မာ အစဉ်အလာအချစ်ကြည်ရေးကို ခိုင်မာစွာ လက်ကိုင်ထားခြင်းနှင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတိုးမြင့်အောင်ဆောင်ရွက်ခြင်းများအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် သမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ သမိုင်းဝင် နိုင်ငံတော်အလည်အပတ်ခရီးစဉ်လာရောက်စဥ်က တရုတ်-မြန်မာ အေးတူပူမျှအသိုက်အဝန်း တည်ဆောက်သွားမည့် အရေးကြီးသည့် နိုင်ငံရေးသဘောတူညီချက်ကို နှစ်ဖက်အတူ ရရှိခဲ့ကြောင်း၊ မိမိအနေဖြင့် ယခုအကြိမ်မြန်မာနိုင်ငံသို့ ဖိတ်ကြားချက်အရ လာရောက်လည်ပတ်သည့်အဓိက ရည်ရွယ်ချက်မှာ သမ္မတရှီ၏မြန်မာနိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့သည့် ရလဒ်များကို မည်သို့အကောင်အထည်ဖော်ရန် ထဲထဲဝင်ဝင် လာရောက်ဆွေးနွေးခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရန် အမြင်သဘောထားချင်းဖလှယ်ခြင်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်-မြန်မာ အေးတူပူမျှ အသိုက်အဝန်း၏ ပထမဦးဆုံးပုံရိပ်သည် နှစ်ဖက် ဆွေမျိုးပေါက်ဖော် ရောင်းရင်းညီအကို ဟူသော အပြန်အလှန်ခိုင်မာသည့် ထောက်ခံအားပေးမှု ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် တရားဝင်အခွင့်အလမ်း အကျိုးစီးပွား ကာကွယ်မှုများကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်သလို မြန်မာနိုင်ငံ၏ မိမိနိုင်ငံနှင့်ကိုက်ညီသည် ဖွံ့ဖြိုးရေးလမ်းစဉ် ရှာဖွေလျှောက်လှမ်းမှုကိုလည်း ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေးနှင့်ဖွံ့ဖြိုးရေးလမ်းစဉ်တွင် မြန်မာ့တပ်မတော်၏ အပြုသဘော အကျိုးဆောင်မှုများကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားကဏ္ဍများတွင် မြန်မာနိုင်ငံက ခိုင်မာစွာ ထောက်ခံအားပေးမည်ဟု ယုံကြည်သလို နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည်လည်း အစဥ်နက်ရှိုင်းလာမည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်-မြန်မာ အေးတူပူမျှအသိုက်အဝန်း အကောင်အထည်ဖော်ရန်”ဆောင်ရွက်မှု အစီအစဉ်”များအား မူအရ နှစ်ဖက် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် မြန်မာ့တပ်မတော်မှ အကျိုးသစ်ကို ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီအားဖြည့်ပေးရန်အတွက် ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများနှင့် ကာကွယ်ဆေးပံ့ပိုးကူညီရန်၊ ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် နှစ်နိုင်ငံအေးတူပူမျှအသိုက်အဝန်းတည်ဆောက်မှု၏ ပြယုဂ်စီမံကိန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်ဖွဲ့စည်းပြီးနောက် စီးပွားရေးစင်္ကြံတည်ဆောက်မှုများကို ဘက်စုံ ဆောင်ရွက်၍ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ကူညီဆောင်ရွက်သွားလိုရာ မြန်မာ့တပ်မတော်အနေဖြင့်လည်း ဆက်လက်အားပေးထောက်ခံသွားမည်ဟု ယုံကြည်ပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံ၏နိုင်ငံတကာအဆင့်အတန်းနှင့်အရှိန်အဝါမြင့်တက်လာမှုကို တွေ့မြင်ရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်ပါကြောင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေး နက်ရှိုင်းအောင် မပြောင်းမလဲခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘက်ပေါင်းစုံနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်းအရေးကိစ္စများတွင် တရုတ်နိုင်ငံ၏မှန်ကန်စွာ ရပ်တည်မှုကို ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက များစွာအကူအညီပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကပ်ရောဂါ၏ သက်ရောက်မှုကို နှစ်ဖက်အတူ ကျော်လွှားရန်၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတည်ဆောက်မှု အရှိန်မြှင့်တင်တွန်းအားပေး ဆောင်ရွက်ရန် မြန်မာ့တပ်မတော်အနေဖြင့် ထောက်ခံအားပေးကြောင်း ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ လူမှုစည်းလုံးညီညွတ်ရေးကို မြှင့်တင်၍ တရုတ်နိုင်ငံနှင့်ဆွေးနွေးဖလှယ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အစဉ်ထာဝရ မိတ်ဆွေကောင်းဖြစ်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကို အဆက်မပြတ် ဖွံဖြိုးတိုးတက်အောင်နှင့်နက်ရှိုင်းအောင် ဆောင်ရွက်ရမည်ဖြစ်ရာ မြန်မာ့တပ်မတော်အနေဖြင့် ဆက်လက်၍အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(Chinese Version)
(国际)王毅会见缅甸国防军总司令敏昂莱
新华社内比都1月12日电(记者车宏亮 张东强)当地时间1月12日,国务委员兼外长王毅在内比都会见缅甸国防军总司令敏昂莱。
王毅表示,中方赞赏缅军以民族振兴为己任,从长远角度思考国家未来发展,坚持中缅传统友好,促进两国“胞波”情谊。去年习近平主席对缅甸进行历史性国事访问,双方达成构建中缅命运共同体的重大政治共识。我此次应邀访缅,主要目的就是同缅方就如何落实习近平主席访缅成果进行深入沟通,就下步中缅关系发展交换意见。中缅命运共同体首先体现在双方作为“胞波”兄弟坚定相互支持。中方将继续支持缅方维护国家主权、民族尊严和正当权益,支持缅方探索符合自身国情的发展道路,支持缅军在国家转型发展进程中发挥应有作用,作出积极贡献。相信缅方会继续在涉及中方核心利益问题上给予中方坚定支持,两国“胞波”情谊一定会不断深化。
王毅说,双方已就落实中缅命运共同体“行动计划”达成原则一致,希望缅军为实现双方共同目标作出新的贡献。为帮助缅方战胜疫情,中方决定向缅方提供一批抗疫物资和疫苗援助,并积极支持中方企业同缅方开展后续疫苗合作。中缅经济走廊是中缅命运共同体建设的标志性项目,希缅新政府成立后走廊建设能够全面展开,助力缅国家发展振兴,也相信缅军会继续对此提供支持。
敏昂莱表示,缅方非常高兴看到中国国际地位和影响力日益提升,将坚定不移深化缅中友谊、加强两国全方位合作,继续支持中方在涉台、涉港、涉疆问题上的正当立场。缅方感谢中方为缅抗击疫情提供的大力帮助。缅军支持双方克服疫情影响,加快推进缅中经济走廊建设,愿就维护国家稳定、推动经济发展、加强社会团结同中方沟通交流。中国是缅甸永远的好朋友,缅中友好合作一定要不断发展和深化下去。缅军愿为此继续发挥积极作用。(完)
新华社照片,内比都,2021年1月12日
(XHDW)王毅会见缅甸国防军总司令敏昂莱
1月12日,在缅甸内比都,中国国务委员兼外长王毅(左)会见缅甸国防军总司令敏昂莱。
新华社记者 张东强 摄