Connect with us

Politics

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့ ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက ကပ်ရောဂါသည်ကမ္ဘာကြီးကို ပြောင်းလဲနေသလို မိမိတို့၏နေထိုင်မှုဘဝကို ရိုက်ခတ်လျက်ရှိသော်လည်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြီးရေး ဆက်လက်နက်ရှိုင်းမှုကိုမူ တားဆီးနိုင်မည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ကပ်ရောဂါကြီးကို နောက်ဆုံးတွင် အနိုင်တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါဖြစ်ပွားနေသည့်အခြေအနေတွင် မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံများအနက် အလည်အပတ်ခရီးစဉ်တွင် ပထမထားလာရောက်ရခြင်းသည် တရုတ်နိုင်ငံက တရုတ်-မြန်မာဆက်ဆံရေး၏အလေးထားမှုနှင့် မြန်မာနိုင်ငံအစိုးရအပေါ် အားပေးထောက်ခံမှုကို ပြသခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ပြီးခဲ့သည့်နှစ် သမ္မတရှီကျင့်ဖိန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ အနက်အဓိပ္ပါယ်အသစ်များကို အားဖြည့်ပြီး နှစ်နိုင်ငံအရေးကြီးကဏ္ဍများ၏ပူးပေါင်းဆောင်ရွက်မှုကို အပြုသဘောဆောင်တွန်းအားပေးဆောင်ရွက်ကာ တရုတ်-မြန်မာ အေးတူပူမျှအသိုက်အဝန်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အားထားရသော အဆွေတော်အနေဖြင့် ထို့အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်သလို မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်နယ်မြေပိုင်နက်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းခြင်း၊ နိုင်ငံဂုဏ်သိက္ခာနှင့်တရားဝင်အခွင့်အရေးအကျိုးခံစားခွင့်များအား ကာကွယ်ထိန်းသိမ်းခြင်းများကို ထောက်ခံကြောင်း၊ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံအတွက် မျှတမှန်ကန်စွာ အရေးဆိုမှုများကို ယခင်အတိုင်းမပြောင်းမလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊၎င်းမှာ နှစ်နိုင်ငံ အေးတူပူမျှ အသိုက်အဝန်းတွင် ရှိသင့်ရှိထိုက်သော တရားနည်းလမ်းပင်ဖြစ်ကြောင်း ၊ ယခုနှစ်သည် တရုတ်-အာဆီယံ ညှိနှိုင်းဆွေးနွေးမှု ဆက်ဆံရေး တည်ထောင်သည့် နှစ်(၃၀)ပြည့်အခါသမယဖြစ်သလို တရုတ်-အာဆီယံ ဆက်ဆံရေးနှစ်ကြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်-အာဆီယံဆက်ဆံရေး ညှိနှိုင်းနိုင်ငံအနေဖြင့် နှစ်ဖက်ဆက်ဆံရေး၏ ရပ်တည်ချက်ကို အပြုသဘောဆောင် အားပေးမြှင့်တင်ဆောင်ရွက်သွားကာ တရုတ်-အာဆီယံ အပြာရောင်စီးပွားရေး မိတ်ဖက်ဆက်ဆံမှု(China-ASEAN Blue Economic Partnership) တည်ဆောက်သွားရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံများအလည်အပတ်ခရီးစဉ်တွင် ဦးစွာလာရောက်ခြင်းသည် မြန်မာ-တရုတ်ဆက်ဆံရေး၏နီးကပ်မှုကို ဖော်ပြပါကြောင်း၊ ကပ်ရောဂါသည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတိုးမြှင့်အောင်ဆောင်ရွက်မည့် ခြေလှမ်းကို တားဆီး၍မရသည့်အပြင် မိမိနှစ်နိုင်ငံ၏စည်းလုံးညီညွတ်မှုကို ပို၍ တိုးပွားစေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကပ်ရောက်ဂါတိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းအောင် ဆောင်ရွက်ကာ မြန်မာ-တရုတ် နှစ်နိုင်ငံ အေးတူပူအမျှအသိုက်အဝန်း ရှင်သန်လာစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ အာဆီယံ-တရုတ် ဆက်ဆံရေး ရပ်တည်ချက်ကို မြှင့်တင်ရန် အပြုသဘောဆောင်ရွက်သွားလိုကြောင်းနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တိုးမြှင့်ရာတွင် တရုတ်နိုင်ငံနှင့်အတူ တွန်အားပေးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)

(国际)王毅会见缅甸国务资政府部部长觉丁瑞

 新华社内比都1月11日电(记者车宏亮 张东强)当地时间2021年1月11日,国务委员兼外长王毅在内比都会见缅甸国务资政府部部长觉丁瑞。
  王毅表示,疫情改变了世界,也冲击我们的生活,但阻挡不了中缅“胞波”情谊持续深化。相信疫情终将被我们战胜。我们在疫情形势下把缅甸作为今年出访周边的首站,就是要体现中方对中缅关系的重视和对缅政府的支持。中方愿同缅方一道全面落实习近平主席去年访缅达成的重要共识,为中缅关系注入新内涵,积极推动两国重要领域合作,构建同甘共苦的中缅命运共同体。你作为昂山素季国务资政重要助手,相信能协调执政团队为此作出新的贡献。
  王毅说,中方将继续支持缅甸民族和解进程,支持缅方维护国家统一和领土完整、维护国家尊严和合法权益,将一如既往在国际上为缅方主持公道、仗义执言,这是中缅命运共同体的应有之义。今年是中国-东盟建立对话关系30周年,是中国-东盟关系的大年。希望缅方作为中国-东盟关系协调国,积极支持提升中国-东盟关系定位、构建中国-东盟蓝色经济伙伴关系。
觉丁瑞表示,中国外长把缅甸作为周边首访首站,展现了缅中关系的紧密程度。疫情阻挡不了缅中加强“胞波”友好的步伐,反而让我们两国更加团结。缅方愿继续同中方携手抗疫,深化合作,加强在地区和国际事务中的协调配合,推动缅中命运共同体落地生根。缅方支持提升东盟-中国关系定位,愿为此作出应有贡献。缅方期待与中方一道,推动澜湄合作再上新台阶。(完)

新华社照片,内比都,2021年1月11日
(XHDW)王毅会见缅甸国务资政府部部长觉丁瑞
1月11日,在缅甸内比都,中国国务委员兼外长王毅会见缅甸国务资政府部部长觉丁瑞。
新华社记者张东强摄