Connect with us

Politics

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ပြီးနောက် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အားတွေ့ရဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီစဉ်ပြီးနောက် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

သမ္မတ ရှီအား မြန်မာနိုင်ငံ ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေက နေပြည်တော်လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။အပြန်ခရီးတွင် သမ္မတ ရှီ၏လေယာဉ်အား မြန်မာ့တပ်မတော်မှ စစ်လေယာဉ်လေးစင်းက ခြံရံလိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့်အတူ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး နှင့် ဗဟို လုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) ၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ (Wang Yi) နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ညွှန်ကြားရေးမှူး ဟယ်လိဖုန်း (He Lifeng) တို့ ပြန်လည် လိုက်ပါသွား ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.