Politics
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဂုဏ်ပြုလွှာ ပေးပို့
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်က ပြည်ထောင်စု လွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းအတွက် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာအား မတ်လ ၃၀ ရက်က ပေးပို့ခဲ့သည်။
ထိုဂုဏ်ပြုလွှာတွင် မစ္စတာ ဝမ်ရိက တရုတ်- မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေ ဆက်စပ်လျက်ရှိပြီး ဆွေမျိုး ပေါက်ဖော် ဆက်ဆံမှုမှာ သမိုင်းရှည်ကြာပြီး ချစ်ကြည်ရေး နက်ရှှိုင်းလှကြောင်း၊ တရုတ်- မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံ ပြည်သူလူထု အတွက် လက်တွေ့ကျသော အကျိုးစီးပွားများ ဖြစ်ထွန်း စေပါကြောင်း၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနများ အကျိုးရှိစွာ ပူးပေါင်းဆောင် ရွက်ပြီး တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်မှု တွန်းအားပေးရန် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေ ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဝမ်ရိက ၎င်းအနေဖြင့် တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ပိုမို တိုးတက်စေရေးတို့အား အဆွေတော်နှင့် အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ဂုဏ်ပြုလွှာ၌ ပြောကြားထားသည်။ (Xinhua)